Home
မြန်မာသတင်း
အိမ်အကူကို မီးပူဖြင့်ကပ်ပြီး ညှဉ်းပန်းနှိပ်စက်မှု သင်္ကန်းကျွန်းတွင် ဖြစ်ပွား - (ရုပ်သံ)
DVB
·
March 1, 2017
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ အိမ်အကူမိန်းကလေးကို အိမ်ရှင်က ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်မှုတခု  ဖြစ်ပွားခဲ့ပါတယ်။ သင်္ကန်းကျွန်းမြို့နယ် ဆရပ်ကွက် ရတနာမဉ္ဇူလမ်းရှိနေအိမ်တအိမ်မှာ အိမ်အကူဖြစ်သူ အသက် ၂၀ အရွယ်ရှိ မချိုမာကို အိမ်ရှင်ဖြစ်သူက ခန္ဓာကိုယ်ကို မီးပူနဲ့ကပ် တုတ်နဲ့ရိုက် ပလာယာနဲ့ ညှပ်ကာ ညှဉ်းပန်း နှိပ်စက်ခဲ့တယ်လို့ ကျူးလွန်ခံရသူက ပြောပါတယ်။ ကျူးလွန်ခံရတဲ့  အိမ်အကူမိန်းကလေးဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်ကနေ လာရောက်သူဖြစ်ပြီး ဒီနေအိမ်မှာ တနှစ်ကျော်ကြာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ အခုလို နှိပ်စက်ခံရတဲ့အကြောင်း လမ်းထဲက သူတဦးကို အိမ်အကူမိန်းကလေးက အကူအညီတောင်းပြီး သူ့ရဲ့ အခြေအနေတွေကို ပြောပြခဲ့တာပါ။ လက်ရှိမှာ ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက သင်္ကန်းကျွန်း စံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ကျူးလွန်သူအိမ်ရှင်ဟာ အသက် ၂၈ နှစ်အရွယ် အိမ်ထောင်ရှင် ကလေးတဦးရဲ့ မိခင်ဖြစ်ပြီး သူ့ကို သင်္ကန်းကျွန်းမြို့ နယ် ရဲစခန်းက ဖမ်းဆီးကာ  ရာဇသတ်ကြီးပုဒ်မ ၃၂၆နဲ့ အရေးယူထားပါတယ်။ ပြည့်ဘုန်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024