DVB Logo
Home
မြန်မာသတင်း
ယူဒဗလျူအက်စ်​အေ ဝအဖွဲ့​နှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ​တွေ့​ဆုံ
DVB
·
December 27, 2011
ယူဒဗလျူအက်စ်​အေ ဝအဖွဲ့​နှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ​တွေ့​ဆုံ
1 / 2
Donate to DVB

အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တဖွဲ့​ဖြစ်တဲ့​ ယူဒဗလျူအက်စ်​အေ ဝပြည် ​သွေး​စည်း​ညီညွတ်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေ မ​နေ့​က ၀ ဌာနချုပ် ပန်ဆန်း​မြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

အစိုး​ရဘက်က ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​နဲ့​ အဖွဲ့​ဝင် ၂၀ ​ကျော်​ရောက်လာကြပြီး​ ယူဒဗလျူအက်စ်​အေဘက်က ​ခေါင်း​ဆောင် ဦး​ပေါက်ယူချန်း​၊​ ဒု-ဥက္ကဋ္ဌ ​ရှောင်း​မင်း​လျန်၊​ ​ပေါက်ယိုလျန်နဲ့​ လီကျူး​လျဲ့​ တို့​ကို ​တွေ့​ဆုံခဲ့​ကြတာပါ။

အစိုး​ရ ကိုယ်စား​လှယ်​တွေဟာ ဝအဖွဲ့​ရဲ့​ ဖိတ်​ခေါ်ချက်​ကြောင့်​ ​ရောက်လာခဲ့​တာဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​ စက်တင်ဘာနဲ့​ ​အောက်တိုဘာလတုန်း​က ​တွေ့​ဆုံ ​ဆွေး​နွေး​ထား​ခဲ့​တဲ့​ ​ဒေသဖွံ့​ဖြိုး​ရေး​၊​ ကုန်သွယ်​ရေး​နဲ့​ ပို့​ဆောင်​ရေး​ကိစ္စ​တွေ ထပ်ပြီး​ ​ဆွေး​နွေး​ကြတယ်လို့​ ယူဒဗလျူအက်စ်​အေအဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​အောင်မြင့်​က ​ပြောပါတယ်။

[caption id="attachment_19235" align="alignright" width="300" caption="ဦးအောင်မြင့်​"][/caption]

“​အောက်တိုဘာ ၁ ရက်​နေ့​က ​ဆွေး​နွေး​ခဲ့​တဲ့​ အ​ကောင်အထည် မ​ဖော်ရ​သေး​တဲ့​ လုပ်ငန်း​တွေ ဆက်လက် ​ဖော်​ဆောင်ဖို့​ကိစ္စ၊ သတ္တုတူး​ဖော်​ရေး​ကိစ္စတို့၊​ ​နောက်လိုအပ်လို့​ရှိရင် ကူညီရှာ​ဖွေ​ပေး​ဖို့​ပေါ့​။ ပညာရှင်ပိုင်း​ပေါ့​။ တချို့​လည်း​ ​ရောင်း​ချ ပို့​ဆောင်ခွင့်​ကိစ္စတို့​ အခိုင်အမာ လုပ်ငန်း​လေး​တွေပါ။”

ဒါ့​အပြင် တပြည်လုံး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​နဲ့​ ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​အဖွဲ့​ဌာနချုပ် ဝမ်ဟိုင်း​ဒေသမှာ ဝင်​ရောက် တပ်စွဲထား​တဲ့​ အစိုး​ရတပ်​တွေ ပြန်ရုပ်သိမ်း​ဖို့​၊​ ကချင်ပြည်နယ်က တိုက်ပွဲ​တွေရပ်ပြီး​ နိုင်ငံ​ရေး​နည်း​နဲ့​ ငြိမ်း​ချမ်း​စွာ ​ဆွေး​နွေး​ဖို့​ ၀ ဘက်က အစိုး​ရ ကိုယ်စား​လှယ်​တွေကို တိုက်တွန်း​ခဲ့​တယ်လို့​ သိရပါတယ်။

အစိုး​ရဘက်က​တော့​ ဝအဖွဲ့​ကို တခြား​တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​ ဆက်သွယ်​ပြောကြား​ပေး​ဖို့​ ​ပြောခဲ့​တယ်လို့​ ဦး​အောင်မြင့်​က ဆိုပါတယ်။

အစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်နဲ့​ ဝအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာ ၆ ရက်နဲ့​ ​အောက်တိုဘာ ၁ ရက်​နေ့​တုန်း​က နှစ်ကြိမ် ​တွေ့​ဆုံခဲ့​ဖူး​ပါတယ်။

အဲဒီ​ဆွေး​နွေး​ပွဲ​တွေမှာ ၀ နယ်ထဲကို အစိုး​ရဝန်ထမ်း​တွေနဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တွေက အမှုထမ်း​တွေ ပြန်ပို့​ရေး​ကိစ္စ၊​ အစိုး​ရရဲ့​ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ ၁၅ နှစ်စီမံကိန်း​မှာ ၀ အဖွဲ့​တွေ ပူး​ပေါင်း​ပါဝင်ဖို့​၊​ တရုတ်အာဏာပိုင်​တွေနဲ့​ ဆက်သွယ်​ရေး​ကိစ္စ​တွေမှာ အစိုး​ရက မစွက်ဖက်ဖို့​နဲ့​ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ မိုင်း​ယား​မြို့​နယ်ထဲမှာ သတ္တုတူး​ဖော်​ရေး​ ကိစ္စ​တွေ သ​ဘောတူခဲ့​ကြပါတယ်။

သ​ဘောတူချက်​တွေအရ ဒီလ ၁၆ ရက်နဲ့​ ၁၇ ရက်​တွေတုန်း​က ၀ ​ဒေသထဲကို အစိုး​ရ ပညာ​ရေး​ဝန်ထမ်း​ ၁၃၀ ဦး​၊​ ကျန်း​မာ​ရေး​ဝန်ထမ်း​ ၆ ဦး​ ​ရောက်လာကြပြီး​ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​ကိစ္စမှာ ၀ ​ဒေသထဲက သတ္တုထွက်နိုင်ဖွယ်ရှိတဲ့​ ​နေရာ​တွေ စမ်း​သပ်ရှာ​ဖွေဖို့​ နည်း​ပညာရှင်​တွေ ပို့​ပေး​ဖို့​ ၀ ကိုယ်စား​လှယ်ဘက်က ​တောင်း​ခံခဲ့​တယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

နှစ်ဖက်ကိုယ်စား​လှယ်​တွေဟာ ဝတပ်ဖွဲ့​နဲ့​ဆွေး​နွေး​ပြီး​ ပန်ဆန်း​မြို့​က​နေ ကျိုင်း​တုံကို ဆက်လက် ထွက်ခွာသွား​ကာ ဒီက​နေ့​ ဒီဇင်ဘာလ ၂၇ ရက်​နေ့​မှာ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ မိုင်း​လား​ဒေသက အမျိုး​သား​ဒီမိုက​ရေစီ မဟာမိတ်တပ်​ပေါင်း​စု အဖွဲ့​နဲ့​ ​တွေ့​ဆုံမယ်လို့​လည်း​ သိရပါတယ်။

ယူဒဗလျူအက်စ်​အေ ၀ လက်နက်ကိုင်အဖွဲ့​ဟာ ၁၉၉၆ ခုနှစ်မှာ စစ်အစိုး​ရနဲ့​ အပစ်ခတ်ရပ်ပြီး​ ရှမ်း​ပြည်နယ်က မြို့​နယ် ၆ မြို့​နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ​ဒေသအဖြစ် အုပ်ချုပ်​နေတာဖြစ်ပါတယ်။

ဝတပ်ဖွဲ့​ကို နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ဖို့​ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်အစိုး​ရက ဖိအား​ပေး​ခဲ့​ပြီး​ နှစ်ဖက်ဆက်ဆံ​ရေး​အ​ခြေအ​နေ တင်း​မာခဲ့​ရာက ၀ ​ဒေသထဲက ဝန်ထမ်း​တွေ ဌာ​နေပြန်ခဲ့​ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013