မောင်တောအတွက် ကုလအရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်း သုံး

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသအတွက်  လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ကယ်ဆယ်ရေးဆောင်ရွက်ရန် ကုလသမဂ္ဂရဲ့ အရေးပေါ်ကယ်ဆယ်ရေး ဗဟိုရန်ပုံငွေကနေ  အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ မောင်တောမြောက်ပိုင်းမှာ ကုလက အရေးပေါ်အစားအစာဖြန့်ဝေပေးမှုများကို ဒုတိယအကြိမ် စတင်ဆောင်ရွက်နေပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မောင်တောမှာ သွားလာခွင့်ကန့်သတ်ထားလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အခက်အခဲ ရှိနေတုန်းဖြစ်တယ်လို့ ကုလကြေညာချက်က ဆိုပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲဟာ မောင်တောရှိ လူဦးရေ ၂၃,၇၀၀ အတွက် အစားအစာများ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံကထွက်ပြေးသွားကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇက်ဘဇားရှိ ဘင်္ဂလီတွေကြား ဝမ်းလျှော၊ဝမ်းပျက်ရောဂါ ဖြစ်ပွားနေပြီး ကာလ၀မ်းရောဂါဖြစ်တာတော့ မတွေ့ရဘူး လို့ ဖော်ပြပါတယ်။ ကော့ဇက်ဘဇားက ကလေးတွေလည်း  ၀က်သက်ရောဂါကူးစက်ဖြစ်ပွားနေပြီး ကာကွယ်ဆေးထိုး ပေးနေတယ်လို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up