ဗိုလ်ချုပ်ကတော် ကွယ်လွန်ခြင်းအထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ
Published By
DVB | 27 December, 2011
969
0
Share
0
Comment
0
Likes

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၃ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
မနက်ပိုင်းမှာ ရွှေတောင်ကုန်း ကျောင်းတိုက်နဲ့ ချမ်းမြကျောင်းတိုက်က သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ်ခဲ့ပြီး ညနေပိုင်းမှာ ခရစ်ယာန်နှစ်ဖွဲ့၊ မွတ်စလင်၊ ဟိန္ဒူ၊ ဂျူး၊ ဘဟာဒီ ဘာသာရေးအဖွဲ့တို့ကနေ လာရောက် ကုသိုလ်ပြု ဆုတောင်းကြတယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးသံအမတ်ကြီးဖြစ်တဲ့ ဒေါ်ခင်ကြည်ဟာ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးတို့ သားသမီး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။