DVB Logo
Home
မြန်မာသတင်း
ဂျာနယ်​ကျော်ဦး​ချစ်​မောင် ရာပြည့်​ပွဲကျင်း​ပမည်
DVB
·
December 27, 2011
ဂျာနယ်​ကျော်ဦး​ချစ်​မောင် ရာပြည့်​ပွဲကျင်း​ပမည်
Donate to DVB

ဂျာနယ်​ကျော် ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို ရန်ကုန်မြို့​ ကမ်း​နား​လမ်း​မှာရှိတဲ့​ စာ​ပေဗိမာန်၊​ စာနယ်ဇင်း​ခန်း​မနဲ့​ ​ရွှေဂုံတိုင် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​တို့​မှာ ၂၀၁၂ ခု ဇန်နဝါရီ ၁ ရက်​နေ့​ ကျင်း​ပပြုလုပ်သွား​မှာ ဖြစ်ပါတယ်။

စာ​ပေဗိမာန်မှာ လုပ်မယ့်​ ရာပြည့်​အခမ်း​အနား​ကို ဂျာနယ်​ကျော် ဦး​ချစ်​မောင်ရဲ့​ ​မြေး​ သီဟရတနာ စာ​ပေတိုက်ပိုင်ရှင် ဦး​သိမ်း​စိုး​က စီစဉ်ကျင်း​ပတာပါ။

အခမ်း​အနား​မှာ ဂျာနယ်​ကျော် ဦး​ချစ်​မောင်အ​ကြောင်း​ ​ဟော​ပြောတာ၊​ ဦး​ချစ်​မောင်ရဲ့​ စာ​ပေမှတ်တမ်း​မှတ်ရာ​ ခင်း​ကျင်း​ပြသတာ​တွေ ပြုလုပ်သွား​မယ်လို့​ ဦး​သိမ်း​စိုး​က ​ပြောပါတယ်။

ရာပြည့်​ပွဲပြုလုပ်ရတဲ့​ အ​ကြောင်း​ရင်း​နဲ့​ပတ်သက်လို့​ ဦး​သိမ်း​စိုးက “နှစ် ၁၀၀ ဆိုတာက ကြုံ​တောင့်​ကြုံခဲ​ပေါ့​။ ဆရာကြီး​ မင်း​သုဝဏ်တို့​၊​ လူထုဦး​လှတို့​က နှစ် ၁၀၀ ပြည့်​တွေ၊​ အကုန်လုံး​လုပ်သွား​ကြတာပဲ။ ဒီပွဲက​တော့​ ကျ​နော့်​အဖိုး​ နှစ် ၁၀၀ ပြည့်​လည်း​ဖြစ်တယ်။ ဒါက မဖြစ်မ​နေ လုပ်ရမယ့်​ အ​နေအထား​တခုပဲ။ ​နောက်တခုက ​ရှေ့​ကျ​နော်လုပ်ခဲ့​တဲ့​ အ​ခြေအ​နေမှာ ဂျာနယ်​ကျော်​တွေကို လူ​တွေ​တော်​တော်များ​များ​ကို မပြနိုင်ခဲ့​ဘူး​။ အဲဒီ​တော့​ အဲဒီ​ရှေ့​ပွဲ​တွေမှာလည်း​ သူတို့​က ဂျာနယ်​ကျော်ကို ​သေ​သေချာချာ​လေး​ ကြည့်​ချင်တယ်။ ​လေ့​လာချင်တယ်။ အဲဒါမျိုး​တွေရှိတယ်။ အဲ​တော့​ ကျ​နော်က ဒီပွဲမှာ​တော့​ ဘယ်သူမဆို အကုန်လုံး​ ​လေ့​လာနိုင်​အောင်၊​ ဒါကို ဗွီဒီယို ရိုက်သွား​မလား​။ တရွက်ချင်း​ အကုန်လုံး​ အဲဒါ​တွေပါ လုပ်​ပေး​ဖို့​ စီစဉ်ထား​တယ်။”

ဂျာနယ်​ကျော်ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို စာ​ပေ​လောကသား​ အား​လုံး​ကို ဖိတ်ကြား​ထား​ပြီး​၊ တက်​ရောက်ကြဖို့​လည်း​ နှိုး​ဆော်ထား​ပါတယ်။ အဲ့​ဒီ​နေ့​မှာပဲ ဂျာနယ်​ကျော် ဦး​ချစ်​မောင် ဆိုတဲ့​စာအုပ် ထုတ်​ဝေဖြန့်​ချိဖို့​ရှိပြီး​ ​ဆောင်း​ပါး​ပုဒ်​ရေ ၃၀ ပါရှိတယ်လို့​ သိရပါတယ်။

ရာပြည့်​အခမ်း​အနား​မှာ ဂျာနယ်​ကျော် ဦး​ချစ်​မောင်အ​ကြောင်း​ ​ဟော​ပြောမယ့်​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာ ​မောင်ဝံသကလည်း​ သူ​ပြောမယ့်​ အ​ကြောင်း​အရာနဲ့​ ပတ်သက်ပြီး​ ခုလို ​ပြောပါတယ်။

“ဂျာနယ်​ကျော် ဦး​ချစ်​မောင် ရာပြည့်​ကျင်း​ပတဲ့​ အချိန်မှာ ကျ​နော်တို့​ မြန်မာနိုင်ငံမှာ သတင်း​မီဒီယာ​လောက အ​ပြောင်း​အလဲ​တွေ အစပျိုး​လာပြီး​တော့​ တမျိုး​အ​ပြောင်း​အလဲ​တွေ ဖြစ်လာတယ်။ စာနယ်ဇင်း​လွတ်လပ်ခွင့်​ အများ​ကြီး​ကို ​လျော့​နည်း​တဲ့​အချိန်က​နေ အခု တဖြည်း​ဖြည်း​နဲ့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို အလား​အလာ​တွေ ရှိလာတယ်။ ​ရေး​လို့​သား​လို့​ ရလာတယ်။ ဂျာနယ်ဦး​ချစ်​မောင် ကာလတုန်း​က​တော့​ ကိုလိုနီ လက်ထက်​အောက်မှာ စာနယ်ဇင်း​လွတ်လပ်ခွင့်​ အတွက် ​ကောင်း​ကောင်း​အသုံး​ချပြီး​တော့​ သူတို့​လုပ်ခဲ့​ကြတယ်​ပေါ့​။ အခုလည်း​ ကျ​နော်တို့​က မီဒီယာ ဥပ​ဒေတို့​ ဘာတို့​ပေါ်လာမယ်ဆို​တော့​ ဂျာနယ်​ကျော် ဦး​ချစ်​မောင်တို့​ရဲ့​ အစဉ်အလာကို ဆက်ပြီး​တော့​ ထိန်း​လို့​ရတယ်​ပေါ့​။ သတင်း​မီဒီယာ လုပ်ငန်း​နဲ့​ သတင်း​စာပညာနဲ့​ တိုင်း​ပြည်အကျိုး​ပြုမယ်ဆိုပြီး​ ဒီလမ်း​ကြောင်း​ကို ဆက်ပြီး​တော့​ ကျ​နော်တို့​က လိုက်မယ်ဆိုတဲ့​အ​ကြောင်း​ အဲလို​ပြောရမှာ​ပေါ့​။”

ဂျာနယ်​ကျော်ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို ဇန်နဝါရီ ၁ ရက်​နေ့​မှာပဲ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​ခန်း​မမှာ၊​ မွန်း​လွဲတနာရီအချိန် ပြုလုပ်ဖို့​ရှိပြီး​ ဗဟိုအလုပ်အမှု​ဆောင်လည်း​ဖြစ်၊​ သတင်း​စာဆရာကြီး​လည်း​ဖြစ်တဲ့​ ဟံသာဝတီ ဦး​ဝင်း​တင်က ဆရာကြီး​အ​ကြောင်း​ ​ဟော​ပြောဖို့​ရှိပါတယ်။

အဖွဲ့​ချုပ်က ပြုလုပ်မယ့်​ အခမ်း​အနား​ကိုလည်း​ စိတ်ပါဝင်စား​သူ မည်သူမဆို တက်​ရောက်နိုင်တဲ့​ အ​ကြောင်း​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​က ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဂျာနယ်​ကျော်ဦး​ချစ်​မောင်ဟာ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​အတူ လွတ်လပ်​ရေး​ တိုက်ပွဲဝင်ခဲ့​တဲ့​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာကြီး​ ဖြစ်ပါတယ်။

ဂျာနယ်​ကျော် ဦး​ချစ်​မောင် နာမည်နဲ့​ သတင်း​ဆောင်း​ပါး​တွေ၊​ ​ခေါင်း​ကြီး​တွေ အများ​အပြား​ ​ရေး​သား​ခဲ့​သလို ​ရွှေလင်း​ယုန် က​လောင်အမည်နဲ့​လည်း​ နိုင်ငံ​ရေး​ကျမ်း​တွေ၊​ ဝတ္ထု​တွေ ​ရေး​သား​ခဲ့​သူလည်း​ ဖြစ်ပါတယ်။

ဂျာနယ်​ကျော် ဦး​ချစ်​မောင်ကို ၁၉၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်​နေ့​ ပဲခူး​တိုင်း​၊​ အုတ်ဖိုမြို့​မှာ အဘဦး​မြ၊​ အမိ​ဒေါ်​စောယုတို့​က ​မွေး​ဖွား​ခဲ့​ပါတယ်။

၁၉၃၀ ခုနှစ်​လောက်ကစလို့​ သတင်း​စာဆရာအဖြစ် ထင်ရှား​ခဲ့​ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဂျာနယ်​ကျော် စာ​စောင်ကို ဦး​စီး​ထုတ်​ဝေခဲ့​ပြီး​ ဂျာနယ်​ကျော် ဦး​ချစ်​မောင် အမည် တွင်ကျယ်ခဲ့​တာပါ။ လွတ်လပ်​ရေး​ရဖို့​ က​လောင်ကိုင် တိုက်ပွဲဝင်ရင်း​ ၁၉၄၆ ခုနှစ်မှာ ကွယ်လွန်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013