DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် မိုး​နိုင်း​ရွာ မီး​လောင်မှု က​လေး​ငယ်နှစ်ဦး​ ​သေဆုံး
DVB
·
December 27, 2011
Donate to DVB

မွန်ပြည်နယ် ​ပေါင်မြို့​နဲ့​ ဇင်း​ကျိုက်ရွာကြား​က မိုး​နိုင်း​ရွာမှာ ဒီ​နေ့​မနက် ၇ နာရီ​လောက်က မီး​လောင်မှု ဖြစ်ပွား​ခဲ့​တဲ့​အတွက် အိမ် ၈ လုံး​ မီး​လောင် ပျက်စီး​ခဲ့​ပြီး​ က​လေး​ငယ် နှစ်ဦး​ မီး​လောင် ​သေဆုံး​သွား​တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

မိခင်ဖြစ်သူ ​ဈေး​သွား​ချိန် မီး​လောင်မှု ဖြစ်ပွား​ခဲ့​လို့​ က​လေး​တွေ ​သေဆုံး​ သွား​တာလို့​ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်​နေ့​ကလည်း​ ​ပေါင်မြို့​နယ် ဇင်း​ကျိုက်ရွာမှာ မီး​လောင်မှု ဖြစ်ခဲ့​တဲ့အတွက် အိမ်​ခြေ ၁၂၄ လုံး​ မီး​လောင်ပျက်စီး​ခဲ့​ပြီး​ လူ ၁ ​ထောင်နီး​ပါး​ အိုး​အိမ်မဲ့​ဖြစ်သွား​တယ်လို့​ ဒီ​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ဖော်ပြထား​ပါတယ်။

ဇင်း​ကျိုက်ရွာ ​နေအိမ်တလုံး​မှာ မီး​အား​မြှင့်​စက် အသုံး​ပြု​နေချိန် ဗို့​အား​မြင့်​တက်ပြီး​ အပူချိန်လွန်ကဲရာက မီး​စတင်​လောင်ကျွမ်း​တာလို့​ သိရပါတယ်။

ခရစ္စမတ်​နေ့​ ညသန်း​ခေါင်အချိန် မီး​လောင်မှု စတင်ဖြစ်ပွား​ပြီး​ ၂၆ ရက်​နေ့​ မနက်ပိုင်း​ကျမှ မီး​ငြိမ်း​သတ်နိုင်ခဲ့​တာလို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အိုး​အိမ်မဲ့​ဖြစ်သွား​ခဲ့​တဲ့​ လူ ၁ ​ထောင်နီး​ပါး​အတွက် ဇင်း​ကျိုက်ရွာ မူလတန်း​ကျောင်း​မှာ ကယ်ဆယ်​ရေး​စခန်း​ ဖွင့်​ပေး​ထား​ပြီး​ အစိုး​ရအဖွဲ့​အစည်း​တွေနဲ့​ ပုဂ္ဂလိက အလှူရှင်​တွေ လာ​ရောက်လှူဒါန်း​ခဲ့​တယ်လို့​ ဆိုပါတယ်။

အလား​တူ တနင်္သာရီတိုင်း​ မြိတ်မြို့​နယ် မြိတ်​တောင်ရပ်ကွက်မှာလည်း​ မ​နေ့​ည ၉ နာရီ​လောက်က ဝါယာ​ရှော့​က​နေ မီး​လောင်မှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။

မီး​လောင်မှု​ကြောင့်​ မြိတ်​တောင်ရပ်ကွက် အုပ်ချုပ်​ရေး​ရုံး​တခုလုံး​ မီး​လောင် ပြာကျသွား​ပေမယ့်​ လူ​နေအိမ်​တွေကို မကူး​စက်ဘူး​လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013