ဟဲဟိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆သန်းကျော်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ တောင်ကြီး-ကလောသွား ကားလမ်းမှာ မော်တော်ယာဉ်တစီးပေါ်ကနေ ငွေကျပ်သိန်း ၆၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆သန်းကျော် ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် မနက်က  တောင်ကြီး-ကလောသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၉၈/၀)ရှိ ဘဝသံသရာတံတားနားမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ဆိုင်းစဉ် တောင်ကြီးမြို့မှ ကလောမြို့ဘက်သို့ ယာဉ်မောင်းကျော်ထွန်းလှိုင်မောင်းနှင်ပြီး စိုင်းသူရအောင် လိုက်ပါလာတဲ့ ကင်န်တာအမျိုးအစား ခြောက်ဘီးကားကို ရပ်တန့်စစ်ဆေးရာမူးယစ်ဆေးဝါးတွေ ဖမ်းမိတာလို့ ဆိုပါတယ်။ ယာဉ်ပေါ်မှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆၀၅၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၀၅၀၀ ခန့်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို ဟဲဟိုးနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up