Home
မေးမြန်းခန်း
ပြည်သူလူထုမပါဘဲ ​ပြောင်း​လဲလို့​မရပါ
ပီတာအောင်
·
December 27, 2011
လက်ရှိကျင်း​ပ​နေတဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ အွန်လိုင်း​ညီလာခံအ​ကြောင်း​၊​ ပြည်တွင်း​ပြန်ဝင်၊​ မဝင်ကိစ္စနဲ့​ လက်ရှိမြန်မာပြည်နိုင်ငံ​ရေး​အ​ပေါ် အမြင်​တွေကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_19211" align="alignright" width="300" caption="ရဲဘော်ဖိုးသံချောင်း"][/caption] ဗမာပြည် ကွန်မြူနစ်ပါတီက​နေ အွန်လိုင်း​က​နေ အထူး​ကွန်ဖရင့်​တခု၊​ အထူး​ညီလာခံတခုက ပြီး​သွား​ပြီလား​။ “မပြီး​သေး​ပါဘူး​။ အချိန်လိုပါ​သေး​တယ်။ တပြည်လုံး​ရဲ့​ အဆက်အသွယ် ကြာ​တော့​ကြာမယ်။” ဘယ်နှရက်​လောက် ရှိ​နေပြီလဲ။ “တကယ် တရား​ဝင်စလိုက်တာက မ​နေ့​က (ဒီဇင်ဘာ ၂၅ ရက်) စလိုက်တယ်လို့​ ​ပြောလို့​ရတယ်။ မ​နေ့​ကစပြီး​တော့​ အဲဒီ ကွန်ဖရင့်​ကို ပြင်ဆင်တဲ့​ အစီရင်ခံစာကို ထုတ်ပြန်လိုက်တယ်။ အဲဒီက​နေ ဝိုင်း​ပြီး​ အ​ခြေပြုပြီး​တော့​မှ ​ဆွေး​နွေး​မှာပါ။” အကြမ်း​ဖျင်း​ ဘာ​တွေ​ဆွေး​နွေး​လဲ။ “​ဆွေး​နွေး​တယ်ဆိုတာ​တော့​ အခုကျ​နော်တို့​က ပထမဆုံး​ ဗဟိုအစည်း​အ​ဝေး​ကော်မတီ အ​နေနဲ့​ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ။ အဲဒါကို ဝိုင်း​ဆွေး​နွေး​ကြမှာ။ အခု​တော့​ ထုတ်ပြန်တာကို ဝိုင်း​ဖတ်ကြ၊​ ​လေ့​လာကြတုန်း​ပဲ ရှိပါ​သေး​တယ်။” အစီရင်ခံစာမှာ ဘာ​တွေ အဓိက ​ထောက်ပြထား​လဲ။ “အစီရင်ခံစာမှာ နိုင်ငံ​ရေး​ပိုင်း​နဲ့​ စီး​ပွား​ရေး​ပိုင်း​ နှစ်ပိုင်း​ပါတယ်။ နိုင်ငံ​ရေး​ပိုင်း​မှာ​တော့​ မျက်​မှောက်​ခေတ် ဆိုတာပါတယ်။ ​နောက် ဦး​သိန်း​စိန် အစိုး​ရရဲ့​ နည်း​ပရိယာယ်ဆိုတာပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ရှေ့​ရေး​ဆိုတာ ပါတယ်။ ​နောက်ပြီး​ကျ​တော့​ အ​သေး​စိတ်က​လေး​က​တော့​ အာရပ်​နွေဦး​ လူထုအုံကြွမှုကိစ္စ အဲဒါ​တွေပါပါတယ်။” အခု မြန်မာအစိုး​ရက ပြည်ပ​ရောက်​တွေ၊​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေကို ပြည်တွင်း​ကို ပြန်လာဖို့​ ဆက်သွယ်စည်း​ရုံး​မှု​တွေ ထပ်လုပ်​နေတယ်။ ဗမာပြည်ကွန်မြူနစ် ပါတီကို​ရော ဆက်သွယ်လာတာ ရှိပါသလား​။ “လုံး​ဝမရှိပါဘူး​။ ကျ​နော်တို့​ သတိထား​မိတာ ကျ​နော်တို့​ပါတီပဲဖြစ်ဖြစ်၊​ ​အေဘီအက်စ်ဒီအက်ဖ် ဟာလိုပဲဖြစ်ဖြစ် လုံး​ဝမဆက်သွယ်ပါဘူး​။” ဘာ​ကြောင့်​ မဆက်သွယ်ဘူး​လို့​ ထင်လဲ။ “မဆက်သွယ်ဘူး​ဆိုတာ တခုက ဗမာလူမျိုး​တွေကို အ​ခြေပြုတယ်လို့​ သူတို့​ယူဆတယ်​လေ။ အမှန်က​တော့​ ကျ​နော်တို့​ပါတီက ဗမာလူမျိုး​ တမျိုး​တည်း​ကို အ​ခြေခံတာမဟုတ်ပါဘူး​။ လူမျိုး​အား​လုံး​ကို ကိုယ်စား​ပြုတာပါ။ ဒါ​ပေမယ့်​ သူတို့​က​တော့​ အဲလိုဟာမျိုး​ သ​ဘောထား​ပြီး​တော့​ ဒီအဖွဲ့​အစည်း​တွေကို ​လော​လောဆယ်မှာ မသိချင်​ယောင်​ဆောင်ပြီး​ ထား​တယ်။” တကယ်လို့​များ​ ဖိတ်​ခေါ်လာမယ်ဆိုရင်​ရော ဗမာပြည်ကွန်မြူနစ်ပါတီအ​နေနဲ့​ ပြည်တွင်း​ကို ပြန်ဝင်ဖို့​ အစီအစဉ်များ​ ရှိပါသလား​။ “စကား​ပြောဖို့​ အစီအစဉ်​တော့​ရှိတယ်။ ဒါ​ပေမယ့်​ ဝင်ဖို့​မဝင်ဖို့​ဆိုတာ ဘယ်လိုအ​ခြေခံ​အောက်မှာလည်း​၊​ အဲဒါပိုအ​ရေး​ကြီး​ပါတယ်။ ကျ​နော်တို့​ မ​မေ့​နိုင်တာတခုက ကျ​နော်တို့​ ဗမာပြည်မှာ တချို့​သောအဖွဲ့​အစည်း​တွေ အ​ပေါ်မှာ ကျ​နော်တို့​ အဖွဲ့​အစည်း​တွေအပါအဝင် ​ကေအန်ယူ အပါအဝင်၊​ ​အေဘီအက်စ်ဒီအက်ဖ် အပါအဝင် အဲဒီအ​ပေါ်မှာ မတရား​အသင်း​ ​ကြေညာထား​တယ်။ အဲဒီကိစ္စကို အခုထိ ဘယ်သူမှ မ​ပြောကြ၊​ မ​ကြေညာကြ​သေး​ဘူး​။ ဒါက ဒီမိုက​ရေစီနဲ့​ ပတ်သက်လို့​ အင်မတန်မှ အ​ရေး​ကြီး​တဲ့​ အင်မတန်မှ ဆိုး​ဝါး​တဲ့​လုပ်ရပ်ဖြစ်တယ်။ နှစ်​ပေါင်း​ ၅၀ ​ကျော်ခဲ့​ပြီ။ မတရား​အသင်း​ ​ကြေညာထား​တဲ့​ဥပ​ဒေ၊​ အဲဒီဟာ​တွေကို မဖျက်သိမ်း​သေး​ဘူး​။ ဆို​တော့​ သူတို့​ပြောသလို အပြစ်ရှိရင် ​လျှော့​ပေါ့​ အ​ရေး​ယူမယ်ဆိုတဲ့​ စကား​မျိုး​နဲ့​ မဖြစ်နိုင်ပါဘူး​။ သူတို့​လုပ်ချင်တိုင်း​ လုပ်ထား​တာ။ ​နောက်ပြီး​တော့​ ပြန်ဝင်ခွင့်​ဆိုတာ သူတို့​ဆီကို ဆက်သွယ်လို့​ရတဲ့​ ​လျှောက်လွှာထဲမှာ ဆိုရင်လည်း​ လက်နက်ချခိုင်း​တဲ့​ အသွင်မျိုး​ဆောင်တဲ့​ ​တောင်း​ဆိုချက် အချက်အလက်​တွေ ပါ​နေပါတယ်။ အဲဒါ​တွေအရ​တော့​ မဝင်နိုင်ပါဘူး​။ ဘာလုပ်မှဆိုတဲ့​ ကတိကဝတ်နဲ့​ ဝင်ခိုင်း​တဲ့​ဟာမျိုး​နဲ့​ မရဘူး​။ ကျ​နော်တို့​က တခြား​ပြည်သူများ​နည်း​တူ လွတ်လွတ်လပ်လပ်နဲ့​ ဝင်ချင်တယ်။ တခြား​ပြည်သူများ​ တခြား​အဖွဲ့​အစည်း​များ​ နည်း​တူ နိုင်ငံ​ရေး​လှုပ်ရှား​ခွင့်​ ​ပေး​ရမယ်။” ဗမာပြည် ကွန်မြူနစ်ပါတီအ​နေနဲ့​ ​မြေ​ပေါ်နိုင်ငံ​ရေး​ နိုင်ငံ​ရေး​ပါတီအဖြစ်နဲ့​ မှတ်ပုံတင်ပြီး​ ​ရွေး​ကောက်ပွဲဝင်ဖို့​၊​ ပါတီနိုင်ငံ​ရေး​လုပ်ဖို့​ ဆန္ဒရှိပါသလား​။ “ကျ​နော်တို့​အ​နေနဲ့​ ၈၈၈၈ ပြီး​တဲ့​နောက်ပိုင်း​ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲအတွက် အဲဒီတုန်း​က အစိုး​ရက လုပ်ကိုင်​နေသမျှကို ကျ​နော်တို့​က တိုင်း​ပြည်ကိုတင်ပြပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ အဲဒီ​ရွေး​ကောက်ပွဲမှာ ပါတီ​ပေါင်း​ ၃၀၀ နည်း​ပါး​လောက် ထွက်လာတယ်။ အဲဒီထဲမှာမှ အင်မတန် ထူး​ခြား​တဲ့​ပါတီ​ပေါ့​။ ကွန်မြူနစ်ဆန့်​ကျင်​ရေး​၊​ ဆိုရှယ်လစ်ဆန့်​ကျင်​ရေး​၊​ အာဏာရှင်ဆန့်​ကျင်​ရေး​ အဲလိုအဖွဲ့​အစည်း​တွေ ​တောင်မှ ပါတီတည်​ထောင်ခွင့်​ပေး​တယ်။ ကျ​နော်တို့​ကိုလည်း​ အဲလို ပါတီတည်​ထောင်ခွင့်​ ​ပေး​မယ်ဆိုရင် ပါမယ်လို့​ ကျ​နော်တို့​ ​ပြောခဲ့​တယ်။ ပြီး​ရင် အခွင့်​အ​ရေး​ အပြည့်​အဝ ခံစား​ခွင့်​ပေး​လို့​ရှိရင် ကျ​နော်တို့​ ပါဝင်မှာပဲ။” ပါတီအ​နေနဲ့​ ​မြေ​ပေါ်မှာ တရား​ဝင် မှတ်ပုံတင်ပြီး​ လုပ်နိုင်ခွင့်​ ရှိပြီဆိုရင် ပါတီဝင်အင်အား​က​ကော အင်အား​ပြည့်​ပါတီတရပ်အ​နေနဲ့​ ရှိဦး​မယ် ထင်ပါသလား​။ ပါတီရဲ့​ ​ရေပန်း​စား​မှုက လက်ရှိမြန်မာပြည်သူ​တွေ ကြား​မှာ ဘယ်​လောက်ထိ ခန့်​မှန်း​လဲ။ “အဲဒီလို ကိန်း​ဂဏန်း​နဲ့​ပြောဖို့​တော့​ ခက်ပါတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ယုံကြည်တာက​တော့​ ပြည်သူလူထုရှိရင် ကျ​နော်တို့​ ​ရေရှည်မှာ အသက်ရှည်လို့​ရတဲ့​ သ​ဘောမျိုး​ပါ။ ကျ​နော်တို့​ လှုပ်ရှား​ခွင့်​ ရလို့​ရှိရင်လည်း​ ပြည်သူလူထုဆီက အ​ထောက်အခံ​တွေ ရမယ်။ အဲလိုယုံကြည်ပါတယ်။” အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ လွှတ်​တော်ထဲဝင်ပြီး​ နိုင်ငံ​ရေး​လုပ်ဖို့​ ပြင်ဆင်​နေတဲ့​အ​ပေါ်မှာ​ကော ဘယ်လိုထင်လဲခင်ဗျ။ “ကျ​နော်တို့​အ​နေနဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို သူတို့​လည်း​ သူတို့​အ​နေနဲ့​ ​ကောင်း​မယ်ထင်တဲ့​လမ်း​ကို လုပ်​နေတာလို့​ ကျ​နော်တို့​ ထင်ပါတယ်။ လုပ်ကြည့်​ပါ။ ကျ​နော်တို့​ အဲဒီလမ်း​အတိုင်း​ မလုပ်နိုင်ဘူး​။ မလုပ်လိုဘူး​။ ဒါ​ပေမယ့်​ သူတို့​လုပ်တာပဲ ကျ​နော်တို့​က သာမန်အလွယ်တကူ အပြစ်​ပြောတာမျိုး​မလုပ်ပါဘူး​။ ကျ​နော်တို့​က အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို အား​ကြီး​စေချင်ပါတယ်။ အခုအမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို သူတို့​ရဲ့​ အ​ခြေခံကျတဲ့​ လုပ်ငန်း​စဉ်၊​ လက်​တွေ့​လုပ်ငန်း​စဉ်၊​ အဲဒါ​တွေကို ရှင်း​ရှင်း​လင်း​လင်း​ ​ပြောထွက်လာ​စေချင်တယ်။ အဲဒါမှ လုပ်တဲ့​အ​ပေါ်မှာ အကြံပြုရတာ၊​ ​ထောက်ပြတာ ပိုပြီး​ထိထိ​ရောက်​ရောက် လုပ်နိုင်မယ်။ ခုတိုင်း​က သူတို့​တရား​ဝင် ထုတ်ပြန်ထား​တဲ့​ဟာ မ​တွေ့​သေး​ဘူး​။ နိုင်ငံ​ရေး​လုပ်​နေတာ အခက်အခဲရှိတယ်။ ဒါ​ပေမယ့်​ ဘယ်အ​ခြေခံ​ပေါ်က​နေ ဘယ်လိုသ​ဘောလုပ်တယ်ဆိုတာ အဲဒါမျိုး​ သိပ်မ​တွေ့​ရဘူး​။ အဲဒီ​တော့​ ​စောင့်​ကြည့်​ဖို့​ လို​သေး​တယ်လို့​ထင်တယ်။ အများ​ကြီး​မ​ပြောလိုပါဘူး​။” အစိုး​ရက အပြင်မှာ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ​စေ့​စပ်​ဆွေး​နွေး​ရေး​တွေကို ​တော်​တော်​လေး​ကို လုပ်​နေတာ အရှိန်ရ​နေပြီလို့​ မြင်ပါတယ်။ ဒါက တကယ့်​စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ကို ဦး​တည်လား​။ အစိုး​ရရဲ့​ စစ်​ရေး​အမြင်အရ လုပ်တယ်လို့​ ယူဆလား​။ ဘယ်လိုထင်လဲ။ “စစ်​ရေး​အမြင်အရလုပ်တာမဟုတ်ဘူး​။ နိုင်ငံ​ရေး​အမြင်အရ လုပ်တာပါ။ သူတို့​ကို အ​နောက်နိုင်ငံ​တွေက လက်ခံလာ​အောင်၊​ အာဆီယံက လက်ခံလာ​အောင်၊​ အ​မေရိကန်က အ​ထောက်အပံ့​တွေဖြစ်လာ​အောင်၊​ စီး​ပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူမှု​တွေပွင့်​လာ​အောင် ဦး​တည်ပြီး​လုပ်​နေတာပါ။ တကယ်စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​တရပ် ရမရဆိုတာ​တော့​ ​စောင့်​ကြည့်​ရမယ်။ အဲဒါမျိုး​ကို နဝတလက်ထက်ထဲက လုပ်ခဲ့​တယ်။ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​မရခဲ့​ပါဘူး​။ ​မြွေမ​သေ တုတ်မကျိုး​လိုလို၊​ လုပ်ထား​ပေမယ့်​ အချိန်မ​ရွေး​ ထဖြစ်တဲ့​ဟာ​တွေ ​တွေ့​ရတယ်။ ငြိမ်း​ချမ်း​ရေး​လုပ်ထား​တယ်ဆိုတာ အဖွဲ့​အစည်း​ အား​လုံး​ရဲ့​ လိုလိုပြန်လုပ်ဖူး​ပါတယ်။ အာလုံး​နည်း​ပါး​ပေါ့​။ အကုန်လုံး​တော့​ မဟုတ်ဘူး​။ ​ကေအိုင်​အေ တခုတည်း​မှ မဟုတ်ဘူး​။ ကြီး​တဲ့​ဟာ​တွေနဲ့​၊​ ဟိုနား​လေး​လုပ်၊​ ဒီနား​လေး​လုပ်၊​ ထိမိရှမိတဲ့​ဟာမျိုး​ မကြာခန ကြား​နေရတယ်။ ဒီလိုငြိမ်း​ချမ်း​ရေး​မျိုး​က စစ်မှန်တဲ့​ ပြည်သူ​တွေ စိတ်ဒုန်း​ဒုန်း​ချနိုင်တဲ့​ ​ကောင်း​ကောင်း​အိပ်နိုင်တဲ့​ ငြိမ်း​ချမ်း​ရေး​မျိုး​ မဟုတ်ဘူး​လို့​ ထင်ပါတယ်။” ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရက​နေ အ​ပြောင်း​အလဲ​တွေ လုပ်​နေတယ်လို့​ တချို့​က ​ပြောကြတယ်။ တချို့​ကလည်း​ အ​ပေါ်ယံ အ​ပြောင်း​အလဲလို့​ ​ပြောကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ​ကော ဒီအ​ပြောင်း​အလဲ​တွေက ​ရှေ့​ဆက်သွား​မယ့်​ ​နောက်​ကြောင်း​ပြန်မလှည့်​တော့​မယ့်​ အ​ပြောင်း​အလဲ​တွေလို့​ မြင်လား​။ ဘယ်လိုထင်မြင်ပါသလဲ။ “ချုပ်ပြီး​ပြောရင်​တော့​ အခုအ​ပြောင်း​အလဲဟာ တကယ်စစ်အုပ်စု စစ်ဗိုလ်ထိပ် သီး​တွေ မိမိအာဏာကို ဆက်လက်ချုပ်ကိုင်နိုင်​ရေး​၊​ သူတို့​ရရှိထား​တဲ့​ ဓန​တွေ၊​ ထပ်တိုး​လာမယ့်​ ဓန​တွေကို သူတို့​နဲ့​ သူတို့​အသိုင်း​အဝိုင်း​တွေက ဆက်ပြီး​တော့​ ချုပ်ကိုင်နိုင်​ရေး​အတွက် ပိုပြီး​တော့​ သူတို့​အတွက် ထိ​ရောက်မယ့်​ သင့်​တော်မယ့်​ နည်း​နာ​တွေပြင်ဆင်​နေတယ်လို့​ ထင်ပါတယ်။” နောက်ဆုံး​မေး​ချင်တာက မြန်မာပြည်အ​ပြောင်း​အလဲက အာရပ်ကမ္ဘာကလို လူထုအုံကြွမှုနဲ့​ပဲ ​ပြောင်း​လဲမလား​၊​ တခြား​နည်း​နဲ့​ ​ပြောင်း​လဲမလား​၊​ ဘယ်လိုမျိုး​ ထင်လဲ။ “နိုင်ငံ​ရေး​က ​ဗေဒင်​ဟောသလိုမျိုး​ပြောရင် မသင့်​တော်ဘူး​ ထင်တယ်။ ဒါ​ပေမယ့်​ ​သေချာတာက ပြည်သူလူထုမပါဘဲနဲ့​ ​ပြောင်း​လို့​ မရပါဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024