ရာသီဥတုပြောင်းလဲမှုဒဏ်ခံနေရသည့် သန်လျင်မြို့နယ်က ပဲတီစိမ်းစိုက်တောင်သူများ (ဓာတ်ပုံ)
DVB
·
February 28, 2017
ရာသီဥတု ပြောင်းလဲပျက်စီးမှုကြောင့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲက ပဲတီစိမ်းစိုက်တောင်သူတွေဟာ အခုနှစ်မှာ ပဲအထွက်နှုန်း လျော့ကျတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
အရင်က ၁ ဧကကို ပဲတီစိမ်း ၁၀ တင်း ၁၁ တင်းလောက် ထွက်ပေမယ့် ဒီနှစ်မှာတော့ ၁ ဧက ၇ တင်း ၈ တင်းလောက်သာ ထွက်ပါတယ်။ လက်ရှိ ပဲတီစိမ်း ၁ တင်း ပေါက်ဈေးကတော့ ကျပ် ၃ သောင်း ၇ ထောင်ဝန်းကျင် ဈေးရှိနေပြီး အကျဘက်မှာ ရှိနေတာပါ။
သတင်း၊ ဓာတ်ပုံ - အောင်ထွန်းမြင့်