DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ အိုင်စီ​တေး​ဂီတအဖွဲ့​ ​တွေ့​ဆုံ
DVB
·
December 26, 2011
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ အိုင်စီ​တေး​ဂီတအဖွဲ့​ ​တွေ့​ဆုံ
Donate to DVB

မြန်မာပြည်ရဲ့​ အ​ကျော်ကြား​ဆုံး​ ​တေး​ဂီတအဖွဲ့​ တဖွဲ့​ဖြစ်တဲ့​ အိုင်း​ရင်း​ခ​ရော့​စ် ​တေး​ဂီတအဖွဲ့​ဟာ ဒီ​နေ့​​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို သွား​ရောက် ​တွေ့​ဆုံခဲ့​ကြပါတယ်။

[caption id="attachment_19205" align="alignright" width="300" caption="ဓာတ်ပုံ - အိုင်စီ "][/caption]

တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ဒီ​နေ့​ ည​နေပိုင်း​က သွား​ရောက် ​တွေ့​ဆုံခဲ့​ကြတာဖြစ်ပြီး​၊​ အိုင်း​ရင်း​ခ​ရော့​စ် အဖွဲ့​သား​တွေဖြစ်တဲ့​ အဆို​တော်​လေး​ဖြူ၊​ မျိုး​ကြီး​၊​ အငဲ၊​ ဝိုင်ဝိုင်း​၊​ တီး​ဝိုင်း​အဖွဲ့​သား​တွေဖြစ်တဲ့​ ချစ်စမ်း​မောင်၊​ ခင်​မောင်သန့်​၊​ ဗညား​စတဲ့​သူ​တွေနဲ့​ သူတို့​ရဲ့​ မိသား​စု​တွေ ပါဝင်ကြပါတယ်။

သွား​ရောက်​တွေ့​ဆုံရတဲ့​ အ​ကြောင်း​ကို ​ဘေ့​စ်ဂစ်တာသမား​ ကိုခင်​မောင်သန့်​က ခုလို​ပြောပြပါတယ်။

“​တော်​တော်များ​များ​က သူတို့​ စီစဉ်တဲ့​ရက်နဲ့​ ကျ​နော်တို့​ ကြိုလက်ခံထား​တဲ့​ပွဲနဲ့​ တိုက်​နေတယ်။ ​လော​လောဆယ် ဒီပွဲမှာ ကျ​နော်တို့​ ပါဝင်ခွင့်​ မရဘူး​။ ​ကောလာဟလ အမျိုး​မျိုး​ ထွက်​နေလို့​။ ပွဲ​တွေစပြီး​ စီစဉ်​နေတဲ့​ အချိန်မှာ ​လေး​ဖြူက စင်ကာပူမှာ ​ရောက်​နေတယ်။ ချစ်စမ်း​မောင်က အ​မေရိကား​မှာ ​ရောက်​နေတယ်။ သူတို့​အဲဒီမှာ အသီး​သီး​ရောက်​နေချိန် ကျ​နော်တို့​က အရမ်း​ကြီး​လက်မခံရဲဘူး​။ အဲဒါ အပြင်မှာ ​ကောလာဟလ အမျိုး​မျိုး​ ထွက်​နေလို့​ အန်တီ့​ကိုသွား​ပြောပြတာ။”

တွေ့​ဆုံချိန် အချိန်တိုအတွင်း​ ​ထွေရာ​လေး​ပါး​ စကား​တွေပဲ ​ပြောဖြစ်ကြတဲ့​ အ​ကြောင်း​နဲ့​ ​နောင်မှာ ထပ်​တွေ့​ကြဖို့​ ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြီး​မှူး​ပြုလုပ်တဲ့​ တိုင်း​ရင်း​သား​ပညာ​ရေး​ ရန်ပုံ​ငွေ ဂီတ​ဖျော်​ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်​နေ့​မှာ ကျင်း​ပမှာဖြစ်ပြီး​ အိုင်စီ အဖွဲ့​သား​တွေကလွဲလို့​ ကျန်တဲ့​ ​တေး​ဂီတအဖွဲ့​နဲ့​ ​တေး​သံရှင်​တွေ အား​လုံး​နီး​ပါး​ ပါဝင်​ဖျော်​ဖြေကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013