DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်အတွင်း​ ကြံ့​ခိုင်​ရေး​ပါတီအမတ်များ​နှင့်​ အစိုး​ရအကြား​ မရှင်း​လင်း​မှုများ​ရှိ
DVB
·
December 26, 2011
လွှတ်​တော်အတွင်း​ ကြံ့​ခိုင်​ရေး​ပါတီအမတ်များ​နှင့်​ အစိုး​ရအကြား​ မရှင်း​လင်း​မှုများ​ရှိ
Donate to DVB

ရပ်နား​သွား​ပြီဖြစ်တဲ့​ ဒုတိယအကြိမ် ပြည်​ထောင်စုလွှတ်​တော်အတွင်း​ ကြံ့​ခိုင်​ရေး​ပါတီ အမတ်​တွေနဲ့​ အစိုး​ရ ကြား​မှာ အဆို၊​ ​မေး​ခွန်း​တွေနဲ့​ ပတ်သက်ပြီး​ မရှင်း​လင်း​မှု​တွေ အများ​အပြား​ ရှိခဲ့​တယ်လို့​ လွှတ်​တော် သု​တေသန စာတမ်း​ပြုစုသူ ဦး​ကျော်လင်း​ဦး​က ​ပြော​ပါတယ်။

“ကြံ့​ခိုင်​ရေး​ ပါတီမှာက ​တော်​တော်အံ့​ဩဖို့​ကောင်း​တဲ့​ ကိစ္စက ကျ​နော်တို့​က ပါတီကြီး​၊​ တကယ့်​ကို အစိုး​ရကလည်း​ ​နောက်က​နေ ပံ့​ပိုး​ပေး​ထား​တဲ့​ပါတီ၊​ ဒါ​ပေမယ့်​ လွှတ်​တော်ထဲ​ရောက်သွား​တဲ့​ အခါမှာ လွှတ်​တော်အမတ်​တွေ ကိုယ်တိုင်က ငါတို့​က ကြံ့​ခိုင်​ရေး​ပဲဆိုတဲ့​ အမြင်မျိုး​ မရှိ​တော့​ဘဲနဲ့​ တချို့​ဟာ​တွေက ပဋိပက္ခဖြစ်​နေတာ ​တွေ့​ရတယ်။ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်တ​ယောက်က ​ပြောလိုက်ဆိုလိုက်တဲ့​ဟာ​တွေနဲ့​ cabinet (အစိုး​ရ) က တင်လိုက်တဲ့​ အဆို​တွေနဲ့​ သ​ဘောမတူဘူး​။ ထပြီး​တော့​မှ အပြန်အလှန် မဲခွဲတယ်ဆိုပြီး​ ခွဲလိုက်တဲ့​ဟာမျိုး​တွေ ​တွေ့​ခဲ့​တယ်ဆို​တော့​ ဒါ​တွေက ဘာပဲဖြစ်ဖြစ် institutional change ဖြစ်သွား​တဲ့​အတွက် ဖြစ်လာတဲ့​ ကွာဟချက်​တွေလို့​ ကျ​နော်တို့​က ထင်တယ်။”

ဒုတိယအကြိမ် ပြည်​ထောင်စု လွှတ်​တော်အစည်း​အ​ဝေး​တွေက ပထမအကြိမ် တုန်း​ကထက် ပိုအလုပ်ဖြစ်ခဲ့​ပြီး​တော့​ လက်ရှိ အတည်မပြုဖြစ်​သေး​တဲ့​ ဥပ​ဒေအချို့​ကိုလည်း​ လာမယ့်​ လွှတ်​တော်မှာ အတည်ပြုလာနိုင်မယ်လို့​လည်း​ ​မျှော်လင့်​ထား​တယ်လို့ ဆိုပါတယ်။

“ဒုတိယအကြိမ် ပုံမှန် လွှတ်​တော်အစည်း​အ​ဝေး​က အရင်က လွှတ်​တော် အစည်း​အ​ဝေး​နဲ့​စာရင် သိသာတဲ့​ တိုး​တက်မှု​တွေ ရှိတယ်။ အထူး​သဖြင့်​တော့​ ဥပ​ဒေ ​တော်​တော်များ​များ​ ထွက်လာတယ်။ ဥပ​ဒေကြမ်း​တွေ ​တော်​တော်များ​များ​ ထွက်လာတယ်။ ဒီလိုပဲ လာမယ့်​လွှတ်​တော်​တွေမှာလည်း​ ဒီလွှတ်​တော်​တွေမှာ မပြီး​ပြတ်​သေး​တဲ့​ ဥပ​ဒေ​တွေ ကျန်ပါ​သေး​တယ်။ ဒီဥပ​ဒေ​တွေကို ဆက်ပြီး​တော့​မှ ​ဆွေး​နွေး​ဖို့​ အ​ခြေအ​နေရှိတယ်။ ​နောက်တခုက ​နောက်လွှတ်​တော်မှာပဲ တင်ဖို့​ အခုစိုင်း​ပြင်း​နေတဲ့​ တချို့​ ဥပ​ဒေ​တွေလည်း​ ရှိတယ်။ အထူး​သဖြင့်​ မီဒီယာ ဥပ​ဒေလိုဟာမျိုး​။ ဒီလို ဥပ​ဒေ​တွေကိုလည်း​ ​နောက် လွှတ်​တော်​တွေမှာ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက​နေ တင်သွင်း​ပြီး​တော့​မှ ဥပ​ဒေအဖြစ်နဲ့​ အတည်ပြုချက်ရယူဖို့​ ကြိုး​စား​မယ့်​ သ​ဘော ရှိပါတယ်။”

သတင်း​စာရှင်း​လင်း​ပွဲမှာ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ရဲ့​ အ​ရေး​ကြီး​ပုံ​တွေကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်လို့ ပြော​ပါ​တယ်။

“​အောက်​ခြေကစပြီး​ ​ပြောင်း​လဲ​အောင် အဓိက လုပ်​တော့​မယ်ဆိုရင် civil society ​တွေ အား​ကောင်း​အောင် လုပ်​တော့​မယ်ဆိုရင် လွှတ်​တော်ပြင်ပမှာလည်း​ တာဝန်တရပ်ရှိတယ်။ အဲဒါ​ကြောင့်​ institution ​တွေ အား​ကောင်း​ဖို့​ အပြန်အလှန် ထိန်း​ကျောင်း​ဖို့​ဆိုရင် ကျ​နော်တို့​ ​အောက်​ခြေကစပြီး​ ​ပြောင်း​လဲ​အောင် မလုပ်ဘဲနဲ့​ ဘယ်လိုမှ မရဘူး​။”

ပြီး​ခဲ့​တဲ့​ ဒုတိယအကြိမ် လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ ​မေး​ခွန်း​ပေါင်း​ ၅၀၆ခု ​မေး​မြန်း​ခွင့်​ရှိပြီး​တော့​ အဲ့​ဒီထဲက ၃၃၇ ခုကိုပဲ သက်ဆိုင်ရာ ဝန်ကြီး​တွေက ပြန်လည်​ဖြေကြား​ဆွေး​နွေး​ခဲ့​တာပါ။

ဒီ​ဖြေကြား​ချက် အများ​စုကလည်း​ သက်ဆိုင်ရာ ဝန်ကြီး​တွေရဲ့​ လုပ်​နေဆဲ လုပ်ပြီး​ ဖြစ်တယ်ဆိုတဲ့​ ​ဖြေကြား​ချက်မျိုး​တွေသာ များ​ပြား​နေတယ်လို့​ သိရပါတယ်။

အခုလို ပြန်လည် ​ဖြေကြား​ခဲ့​တဲ့​မေး​ခွန်း​တွေက​တော့​ ​မေး​ခွန်း​ပေါင်း​ ၅၄ ခုပဲ တိကျတဲ့​ အ​ဖြေရရှိခဲ့​ပြီး​ ၂၂ ခုက​တော့​ ပြန်လည် ရုပ်သိမ်း​ခြင်း​ ခံခဲ့​ရတာ ဖြစ်ပါတယ်။ ဒါ့​အပြင် လွှတ်​တော်ကိုယ်စား​လှယ်​တွေက အဆို​ပေါင်း​ ၅၁ ခု တင်သွင်း​ခဲ့​ပေမယ့်​ အဲဒီထဲက ၁၈ ခုသာ အတည်ပြုနိုင်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013