DVB Logo
Home
မြန်မာသတင်း
မုန်တိုင်း​ငယ် မြန်မာနိုင်ငံဘက် ဦး​တည်လာခြင်း​မရှိ
DVB
·
December 26, 2011
Donate to DVB

ဘင်္ဂလား​ပင်လယ်​အော်မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်ဟာ အဝါ​ရောင်အဆင့်​သာရှိပြီး​ မြန်မာနိုင်ငံဘက်ကို ဦး​တည်လာခြင်း​ မရှိဘူး​လို့​ မိုး​လေဝသဌာနက ထုတ်ပြန်လိုက်ပါတယ်။

မိုး​လေဝသဌာနက လက်​ထောက်ညွှန်မှူး​ ဦး​ချစ်​ကျော်က“လက်ရှိအ​ခြေအ​နေမှာ ကျ​နော်တို့​ဘက် ဦး​တည်လာခြင်း​မရှိ​သေး​ဘူး​။ မုန်တိုင်း​ရဲ့​ အ​ခြေအ​နေကိုလည်း​ အဝါ​ရောင်အ​ခြေအ​နေလို့​ပဲ ​ပေး​ထား​တယ်။ အဝါ​ရောင် အ​ခြေအ​နေရဲ့​ အဓိပ္ပါယ်က ဘင်္ဂလား​ပင်လယ်​အော်မှာ မုန်တိုင်း​ငယ် တခုရှိတယ်။ အဲ့​ဒီ့​မုန်တိုင်း​ငယ်က မြန်မာနိုင်ငံကို ဦး​တည်​ရွေ့​လျား​လာခြင်း​မရှိဘူး​လို့​ အဓိပ္ပာယ်သက်​ရောက်ပါတယ်။ အခုအ​ခြေအ​နေမှာ မိုး​သည်း​သည်း​ထန်ထန်ရွာပြီး​တော့​ ​မြေပြို ​ရေကြီး​ မဖြစ်​သေး​ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​ဘက်ကိုလည်း​ ဦး​မတည်​သေး​ဘူး​။ ကိုကိုး​ကျွန်း​နဲ့​လည်း​ မိုင် ၅၆၀ ဆို​ပေမယ့်​ မြန်မာကမ်း​ရိုး​တန်း​နဲ့​ဆိုရင် မိုင် ၆၆၀ ​ဝေး​ပါတယ်” လို့ ပြောပါတယ်။

ကိုကိုး​ကျွန်း​ရဲ့​ အ​နောက်​တောင်ဘက်မိုင် ၅၆၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြု​နေပြီး​၊​ ​မြောက်၊​ အ​နောက်​မြောက်ဘက်ကို ဆက်လက်​ရွေ့​လျား​မယ်လို့​ ခန့်​မှန်း​ထား​တဲ့​အ​ကြောင်း​လည်း​ သူက​ပြောပါတယ်။

မုန်တိုင်း​ငယ်က ထိုး​ထွက်​နေတဲ့​ တိမ်တန်း​ကြီး​ကြောင့်​ ရခိုင်ပြည်နယ်၊​ မြန်မာနိုင်ငံအလယ်ပိုင်း​၊​ ရှမ်း​ပြည်နယ်နဲ့​ ဧရာဝတီတိုင်း​တို့​မှာ မိုး​ရွာနိုင်ပြီး​၊​ မြန်မာ့​ကမ်း​ရိုး​တန်း​နဲ့​ ကမ်း​လွန်ပင်လယ်ပြင်မှာ လှိုင်း​ကြီး​နေတယ်လို့​ မိုး​ဇလဌာနက ​ပြောပါတယ်။

မုန်တိုင်း​ငယ်ဟာ မြန်မာပြည်ဘက်ဦး​တည်မလာတဲ့​အတွက် မိုး​ကြီး​ပြီး​ ​မြေပြိုတာ၊​ ရုတ်တရက် ​ရေကြီး​တာမျိုး​တွေလည်း​ မဖြစ်​ပေါ်နိုင်ဘူး​လို့​ သိရပါတယ်။

ဒီမုန်တိုင်း​ငယ်ဟာ ဒီဇင်ဘာ ၂၄ ရက်က ဘင်္ဂလား​ပင်လယ်​အော် အ​ရှေ့​တောင်ဘက်မှာ ​လေဖိအား​နည်း​ရပ်ဝန်း​အဖြစ် စတင် တည်ရှိခဲ့​တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013