DVB Logo
Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီး မြန်မာ့အရေး ဆုတောင်းပေး
DVB
·
December 26, 2011
ပုပ်ရဟန်းမင်းကြီး မြန်မာ့အရေး ဆုတောင်းပေး
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်  နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

[caption id="attachment_19178" align="alignleft" width="217" caption="ပုပ်ရဟန်းမင်းကြီး "][/caption]

ခရစ်တော် ယေရှုဖွားမြင်ခဲ့တဲ့ ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ဗာတီကန်မြို့စိန့်ပီတာ ဘုရားကျောင်းကြီးကနေ ထောင်ပေါင်း များစွာသော ပရိသတ်တွေကို  ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းမိန့်ခွန်း ပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာ့အရေးကိုလည်း ထည့်သွင်း တောင်းဆိုသွားတာပါ။

ပုပ်ရဟန်းမင်းကြီးက အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ဆီးရီးယားနိုင်ငံမှာ သွေးထွက်သံယို အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ တည်ငြိမ်ပြီး သင့်မြတ်ရေးရဖို့လည်း ဆုတောင်းသွားပါတယ်။

ဒါ့အပြင် အာဖရိက ဦးချိုဒေသမှာ အငတ်ဘေးဒဏ်ခံနေရသူတွေကို ကူညီဖို့ ရေဘေးခံနေရတဲ့ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အာရှက ပြည်သူတွေကို ဘုရားသခင်က သက်သာရအောင် လုပ်ပေးဖို့  ဆုတောင်းပေးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013