Home
မြန်မာသတင်း
နွေရာသီ ရေရှားမှုကာကွယ်ရန် ဒလမြို့ရှိ သောက်သုံးရေကန်များ၌ ရေသုံးစွဲချိန်ကန့်သတ်
DVB
·
February 26, 2017
နွေရာသီ ရေရှားပါးမှုကို ကာကွယ်တဲ့အနေနဲ့ ဒလမြို့ပေါ်မှာရှိတဲ့ သောက်သုံးရေကန်တွေကို တရက်မှာ ၄ နာရီသာ သုံးစွဲဖို့  အချိန်ကန့်သတ် သတ်မှတ်လိုက်ပါတယ်။ ရန်ကုန်မြို့ တဖက်ကမ်းမှာရှိတဲ့ ဒလမြို့ဟာ နှစ်စဉ်နှစ်တိုင်း ပူ့းပြင်းတဲ့ နွေရာသီမှာ ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရတဲ့မြို့ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလပိုင်းကစပြီး ရေကန်တွေကနေ ရေသုံးစွဲချိန်ကို မနက် ၆ နာရီကနေ ၈ နာရီအထိနဲ့ ညနေပိုင်း ၄ နာရီကနေ ၆ နာရီအထိသာ သုံးစွဲကြဖို့ မြို့နယ်အုပ်ချူပ်ရေးအဖွဲ့က သတ်မှတ်လိုက်တာလို့ ဒလမြို့က ဒေသခံ ဦးစိုးစိုးကပြောပါတယ်။ ရေရှားပါးတဲ့အချိန်မှာ ပရဟိတအဖွဲ့တွေနဲ့ အလှူရှင်တွေက  ဒလမြို့ကို လာရောက်ရေလှူဒါန်းလေ့ရှိတဲ့အပြင် ဒလမြို့နယ်အတွင်းမှာရှိတဲ့ ရေကန်တွေကို ပြန်လည်ပြုပြင်တာနဲ့ ကန်အသစ်တူးဖော်တာတွေလည်း  ပြုလုပ်ပေးနေပါတယ်။ ဒီနှစ်မှာလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်ဖိရပ်ဖတွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ရေရှားတဲ့နေရာတွေကို လှူဒါန်းသွားဖို့အတွက်စီစဉ်ထားတယ်လို့ မဟာသုမနာရာမစာသင်တိုက် ဆရာတော်  ဥူး တိက္ခဥာဏ ကမိန့်ပါတယ်။ ဒလမြို့နယ်အတွင်း လက်ရှိအသုံးပြုနေတဲ့ သောက်ရေသုံးရေကန် ၃၀၀ ကျော်ရှိပြီး ရေကန်ပေါင်း ၁၃၀ ကျော်ကိုတော့ ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။  ဒလမြို့ဟာ အ၀ီစီတွင်းတူရင်လည်း ရေချိုမရနိုင်တဲ့အတွက် ရေကန်တွေကိုသာ အားထားနေရတာဖြစ်ပါတယ်။ ဒီနှစ်နွေရာသီမှာ  မြန်မာနိုင်ငံ ဒေသအနှံ့မှာ အပူချိန်ပိုမြင့်မားလိမ့်မယ်လို့  မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်း ဆောင်းအကုန် နွေအကူးကာလမှာ ဖြစ်လာနိုင်တဲ့ နေ့အပူချိန်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ရောက်ရှိလာနိုင်တယ်လို့  ခန့်မှန်းထားပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024