DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
ထိုင်းနိုင်ငံ မြန်မာသံရုံးတွင် အလုပ်သမားအရာရှိတဦး ခန့်အပ်
DVB
·
December 25, 2011
ထိုင်းနိုင်ငံ မြန်မာသံရုံးတွင် အလုပ်သမားအရာရှိတဦး ခန့်အပ်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို အကူအညီပေးနိုင်ဖို့ ဘန်ကောက် မြန်မာသံရုံးမှာ အလုပ်သမားရေးရာ အရာရှိတဦးကို ပြီးခဲ့တဲ့ အပတ်က အသစ်ခန့် ထားလိုက်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ဒီဗွီံဘီကို ပြောပါတယ်။

[caption id="attachment_19159" align="alignleft" width="300" caption="မြန်မာရွေ့ပြောင်းမြန်မာ အလုပ်သမားများ​"][/caption]

အလုပ်သမားဝန်ကြီးဌာနက အသစ်ခန့်လိုက်တဲ့ အရာရှိဟာ လောလောဆယ် ကွင်းဆင်းမှုတွေနဲ့ ထိုင်းမှာ ရှိနေတဲ့ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ စလုပ်နေတယ်လို့ ဆိုပါတယ်။

“၁၈ ရက်နေ့က ထိုင်းသံရုံးမှာ မြန်မာ အလုပ်သမား အရာရှိ ဒီမှာ တွဲပြီး တာဝန်ထမ်းဆောင်နေပြီ။ သံရုံးကလည်း ကူညီပေးမှာပါ။ အခု တော်တော် နှံ့နှံ့စပ်စပ်ကို အလုပ်သမားတွေ ရှိတဲ့နေရာကို လူကြီးတွေလည်းရောက်၊ သံရုံးကလည်း ရောက်နေတဲ့အခါကျတော့ ထိတွေ့မှုတွေ အတော်များနေပါပြီ။”

မြန်မာအလုပ်သမားတွေ သန်းနဲ့ချီရှိနေတဲ့ ထိုင်းနဲ့မလေးရှားက သံရုံးတွေမှာ အရင်ကတည်းက သံအမတ်ကြီးတွေ ဦးဆောင်တဲ့ အလုပ်သမား စောင့်ရှောက်ရေး ကော်မတီ ရှိခဲ့ပေမယ့် လက်တွေ့မှာ အလုပ်သမားတွေအရေးကို ထိထိရောက်ရောက် အကူအညီပေးတာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ယူဆကြပါတယ်။

ထိုင်းတောင်ပိုင်းက အလုပ်သမားတဦးက “ဘာမှ မကူညီဘူးအကို။ ကျနော်တို့ကို နာမည်သုံးပြီး လုပ်နေတဲ့ နေရာကိုလိုက်ပြီး အဖွဲ့အစည်း အဖွဲ့တွေသာ တင်ထားတာ။ ဘယ်သူက ဘယ်နေရာ၊ ဘယ်သူက ကျန်းမာရေး၊ ဘယ်သူက ခြေပြတ်လက်ပြတ်တွေ ကူညီပေးမယ်၊၊ ဘယ်သူက လုပ်ငန်းရှင်က ပိတ်ခံထားတာကတွေကို ကူညီပေးမယ် ဆိုတာကို တာဝန်မခွဲခြားဘဲနဲ့ ရုပ်ပြလုပ်တာဗျ။ အဲဒါကိုကမှားနေတာ။ ကျနော်တို့က အဲဒါကို လက်မခံတာ။”

ဒါကြောင့် အသစ်ခန့်လိုက်တဲ့ အရာရှိက ဘယ်လောက်အထိ ဆောင်ရွက်နိုင်မယ့် အပေါ်မှာ အလုပ်သမား အဖွဲ့တွေက စောင့်ကြည့်နေကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ထိုင်းကိုရောက်နေတဲ့ မြန်မာအလုပ်သမား ဒု-၀န်ကြီးနှင့်အတူ၊ အလုပ်သမားအရာရှိလည်း ထိုင်းက အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်။

အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GHRED) ဦးထူးချစ်က အခုလို ပြောပါတယ်။

“ကျနော့်အမြင် ရိုးရိုးသားသားမြင်တာ ပြေပါမယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ မြန်မာအစိုးရ အဆက်ဆက် ပထမဦးဆုံး ဖွဲ့တဲ့ လက်ရှိ အစိုးရသစ်အနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကို စတင်လုပ်လာတယ်ဆိုတာ ကျနော်တို့ မြင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ အနေနဲ့ သူတို့ကို ကျေးဇူးတင်တဲ့အကြောင်း တရားဝင် ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တောင်းဆိုခဲ့တာ ရှိတယ်။ အစိုးရတရပ်အနေနဲ့ ထဲထဲဝင်ဝင် ၀င်ပြီးပြောတဲ့ကိစ္စက အင်မတန်မှ အကျိုးရှိပါတယ်။ ကျနော်တို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလုပ်တာထက် စာရင် ဒီလိုမျိုး သူတို့ဝင်လာတာကို အကောင်းဘက်က မြင်ပါတယ်။”

ထိုင်းနိုင်ငံမှာ အလုပ်သမားဥပဒေတွေက ကောင်းပြီးသားပေမယ့် လက်တွေ့ ကျင့်သုံးမှုမှာ အားနည်းတဲ့အတွက် လက်တွေ့ကျင့်သုံးလာအောင် မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးနိုင်ရင် အလုပ်သမားတွေအတွက် အကျိုးရှိလာမယ်လို့လည်း ဆိုပါတယ်။

“ထိုင်းအစိုးရက ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေကိုက ကောင်းနေပြီးသား။ ​ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ပေါ့နော်။ အဲဒါကို တကယ်လုပ်ရဲ့လားဆိုတာ ကြည့်ရမယ်။ ကျနော်တို့ လုပ်နေတာလည်း သူတို့ ချထားတဲ့ ဥပဒေတွေကိုပေါ့။ သက်ဆိုင်ရာ အစိုးရ၀န်းထမ်းအဆင့်ဆင့်နဲ့ လုပ်ငန်းရှင်တွေက အကောင်အထည် ဖော်ရဲ့လား ဆိုတာမျိုး ဥပမာ သူတို့ဥပဒေက ဘယ်ကလေးပဲ ဖြစ်ဖြစ် လက်မှတ်ရှိရှိ မရှိရှိ ကျောင်းတက်ခွင့်ရတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နေတဲ့ နေရာလေးတွေမှာ တချို့ ကျောင်းပေးမတက်တာတွေ ရှိတယ်။ အဲဒါ ဘာကြောင့်လဲ။ ဒါလေး နည်းနည်း စိစစ်ပေးပါဦးပေါ့။ ဒါမျိုးလေးတွေပေါ့။”

လောလောဆယ် ထိုင်းနိုင်ငံက မြန်မာအလုပ်သမား နှစ်သန်းကျော်ရှိတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပြီး၊ လောလောဆယ် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၉ သိန်း ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေဟာ လုပ်အားအပေါ် ခေါင်းပုံဖြတ်ခံရတာ၊  အလုပ်ရှင်ရဲ့ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ အာဏာပိုင်တချို့က ငွေညှစ်တာတွေ စတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ခံစားနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013