Home
မြန်မာသတင်း
ကသာမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 25, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် လမ်းခွကျေးရွာအနီး ၈ မိုင်မှာ ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနဲ့ WY စာတန်းပါစိတ်ကြွဆေးပြားတွေ ဖေဖော်ဝါရီ ၂၄ ရက်က ည ၁၂ နာရီလောက်က ဖမ်းဆီးရမိခဲ့ကြောင်း ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးနဲ့ သက်သေတွေဟာ မူးယစ်ဆေးဝါးသတင်းအရ ကသာမြို့နယ်ကသာ-အင်းတော်သွားကားလမ်း ၈ မိုင်မှာ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်ကို ထွန်းရင် မောင်းနှင်လာတဲ့ FEILING အမျိုးအစား 125 အစိမ်းရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ ကျပ်သိန်း ၁၁၁၁ သိန်းတန်ဖိုးရှိ ဘိန်းဖြူရောင်စုံဆပ်ပြာခွက် ၁၀၁ ခွက်၊ ကျပ်သိန်း ၂၀၀ လောက်တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူ ဗန်းမောက်မြို့နယ်နေသူ ထွန်းရင် နဲ့ ကြည်စိုး ကွင်းဆက်(ပြေး) တို့အား ကသာမြို့မရဲစခန်းက မယ(ပ)၇/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ထားတယ်လို့ ဒုရဲမှူးက ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024