ပြင်သစ်သတင်းစာရှင်းလင်းပွဲတွင် အပေါ်ပိုင်းဗလာကျင်း ဆန္ဒပြသည့် အမျိုးသမီး(ရုပ်သံ)

ပြင်သစ်နိုင်ငံ သမ္မတအရွေးချယ်ခံ မာရီလီပန်းရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အမျိုးသမီးတဦးဟာ အပေါ်ပိုင်းဗလာကျင်းအနေအထားနဲ့ ဆန္ဒပြခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေက ဆွဲထုတ်ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ ဆံပင်ကို ပိုနီတေးလ်ပုံစံချည်ထားပြီး သူဟာ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဖမ်မင်းအဖွဲ့မှဖြစ်ကာ “မာရီ။ အတုအယောင် အမျိုးသမီးဝါဒီ” လို့ အော်ဟစ်ခဲ့တာကို ဖေဖော်ဝါရီ ၂၄ ရက် ဒေးလီးမေးလ်အွန်လိုင်းရုပ်သံမှာ တွေ့ရပါတယ်။ ပဲရစ်စ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ အပေါ်ပိုင်းဗလာကျင်းနဲ့ သူ့ကို လုံခြုံ ရေးဝန်ထမ်းတွေဟာ ဧည့်သည်တွေကြားက ဖမ်းချုပ်ခေါ်ဆောင်သွားခဲ့ရတာပါ။ ရွှေ့ပြောင်းလာသူတွေကို ဆန့်ကျင်တဲ့ လီပန်းဟာ ဒီအခမ်းအနားမှာ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်အမြင်တွေကို မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ဖမ်မင်းအဖွဲ့က “မာရီလီပန်းဟာ လိင်တူလိင်ကွဲ မျှတရေးအတွက် မြှင့်တင်တဲ့ အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်တာတွေမရှိတဲ့အပြင် အတုအယောင်အမျိုးသမီးဝါဒီတယောက်ဖြစ်ပြီး စိတ်ကူးယဉ် ရီပတ်ဘလီကန်တယောက်သာဖြစ်တယ်”လို့ ဝေဖန်အပြီးမှာ ခုလိုဖြစ်ခဲ့တာပါ။ ဖမ်မင်းအဖွဲ့ဟာ ယူကရိန်းနိုင်ငံမှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်စ်မှာ အခြေစိုက်ရုံးအဖြစ်တည်ရှိနေတာပါ။ သူတို့အဖွဲ့ဟာ ခုလိုပဲ ငယ်ရွယ်ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကို အပေါ်ပိုင်းဗလာကျင်းအနေအထားနဲ့ ဆန္ဒပြစေတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up