ဘယ်လ်ဂျီယံကလပ်နှင့် ၂ ဂိုးစီသရေကျပီး စပါးစ် ယူရိုပါလိဂ်မှ ထွက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်္ဂလန်ကလပ် တော့တင်ဟမ်ဟော့စပါးစ်နဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်တို့ ဖေဖော်ဝါရီ ၂၃ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ စပါးစ်အသင်းဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပေမယ့် ပထမပိုင်း ၃၂ မိနစ်မှာပဲ တိုက်စစ်မှူး အယ်လီ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့အတွက် ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ စပါးစ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ အဲရစ်ဆင်က သွင်းယူပေးခဲ့ပေမယ့် မိနစ် ၂၀ မှာ စပါးစ်တိုက်စစ်မှူး ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီသရေကျခဲ့ပါတယ်။ ဒီနောက် ၆၁ မိနစ်မှာ ဝမ်ယာမာက စပါးစ်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၂ မိနစ်မှာ ပါဘက်က ဂျန့်အတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဂျ့န်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက ၁ ဂိုး ဂိုးမရှိနဲ့ စပါးစ် ရှုံးနိမ့်ခဲ့တာပါ။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး စပါးစ်အသင်း ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up