ဗလင်စီယာကို ၂ ဂိုး ၁ ဂိုးဖြင့် ရီးရဲလ်မက်ဒရစ် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါပွဲစဉ် ၁၆ လက်ကျန်ပွဲစဉ်အဖြစ် ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖေဖော်ဝါရီ ၂၂ ရက်ညက ယှဉ်ပြိုင်ရာ ဗလင်စီယာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒီရာသီ ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲမှာ ရော်နယ်ဒို၊ ဘန်ဇီမာ၊ မိုဒရစ်၊ တိုနီခရူးစ်၊ ကပ်စ်မဲရိုး၊ မာဆယ်လို၊ ရာမို့စ် စတဲ့ အဓိက ကစားသမား အစုံအလင် အသုံးပြုခဲ့သလို ဒဏ်ရာကြောင့် နားနေရတဲ့ တိုက်စစ်မှူး ဘေးလ်ကိုလည်း ၆၂ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာ အပြတ်အသတ် အသာစီး ရခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဗလင်စီယာအတွက် အနိုင်ဂိုးတွေကို ပွဲအစ ၄ မိနစ်မှာ တိုက်စစ်မှူး ဇာဇာနဲ့ ၉ မိနစ်မှာ အိုရယ်လာနာတို့က သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၄၄ မိနစ်မှာ ရော်နယ်ဒိုက ခေါင်တိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးတော့ ရီးရဲလ်က ရမှတ် ၅၂ မှတ်နဲ့ ဒုတိယနေရာက ဘာစီလိုနာကို တပွဲလျော့ တမှတ်အသာနဲ့ ဦးဆောင်ထားနိုင်ပြီး ဗလင်စီယာက ၂၆ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up