Home
သတင်းဓာတ်ပုံ
ပူတာအိုဒေသ မူလာရှီးဒီချောင်းထဲ ရေခဲငါးဖမ်းကြသူများ (ဓာတ်ပုံ)
DVB
·
February 23, 2017
fish10
fish9
fish8
fish7
fish6
fish5
fish3
fish2
fish
fish1
fish6
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုဒေသ မူလာရှီးဒီ ရေခဲချောင်းအတွင်းမှာ တွေ့ရတဲ့ ငါးမျိုးစိတ်တခုဖြစ်တဲ့ ဒေသခံအခေါ် ရေခဲငါးမျိုးတွေကို ဒေသခံတံငါသည်တွေက ဖမ်းယူပြီး ပူတာအိုဈေးမှာ ရောင်းချကြပါတယ်။ ရေခဲငါးတွေဟာ ရေခဲတမျှအေးမြတဲ့ ရေထဲမှာသာ နေထိုင်တတ်ကြတဲ့အတွက် ရေခဲတောင်ကို မြစ်ဖျားခံ စီးဆင်းလာတဲ့ ပူတာအိုက မူလာရှီးဒီချောင်းအတွင်းမှာသာ တွေ့ရှိရတာပါ။ ပူတာအိုဈေးအတွင်းမှာတော့ ငါးတွေကို ပိဿာချိန်နဲ့ ရောင်းချတာမျိုးမဟုတ်ဘဲ အတွဲလိုက် ရောင်းချတတ်ကြပါသည်။ ပူတာအို၊ မချမ်းဘော ဒေသခံတံငါသည် အများစုကတော့ တခြားငါးတွေထက် ဈေးနှုန်းပိုမိုရရှိတဲ့အတွက် ရေခဲငါးဖမ်းတာကို လုပ်ကိုင်ကြတာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024