A d v e r t i s e m e n t With Us

ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင်နှင့် ဦးအောင်မင်းတွေ့ဆုံ

ဒေါကျ​တာ​နိုငျ​အောငျ
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံ​ အဖွဲ့အစည်းတခုရဲ့​ ​ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းထုတ်ပြန်ချက် အရ​ သိရပါတယ်။ [caption id="attachment_14349" align="alignleft" width="230" caption="​ဒေါက်တာနိုင်အောင်"][/caption] ဒီလိုတွေ့ဆုံရာမှာ ဒေါက်တာနိုင်အောင်က    အခုပြုလုပ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့တွေအကြား  အပစ်အခတ်​ ရပ်စဲရေး တွေ့ဆုံ​ ​ဆွေးနွေးမှုတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ ဦးတည်ဖို့​ လိုတဲ့အကြောင်း၊ မြန်မာပြည် နိုင်ငံရေး​ အင်အားစုတွေ အားလုံး​ ပါဝင်တဲ့ နိုင်ငံတော်​ ​ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ အားလုံး​ သဘောတူ ဖော်ထုတ်သင့်ကြောင်း တိုက်တွန်းခဲ့တယ်လို့ သူရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လည်း ရထားဝန်ကြီး ဦးအောင်မင်းကို တိုက်တွန်း​ ​ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုဟာ နှစ်ဦး မိတ်ဆက်တဲ့ သဘောနဲ့ တွေ့ဆုံခဲ့တာသာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြီး ဆွေးနွေးခဲ့တာ​ မရှိဘူးလို့လည်း ဒေါက်တာနိုင်အောင်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up