ကင်ဂျုံနမ် အသတ်ခံရမှုအပေါ် မလေးရှားအစိုးရ စုံစမ်းစစ်ဆေးမှု သမာသမတ်ကျဟု ပြော

မလေးရှားနိုင်ငံမှာ ကင်ဂျုံနမ် အသတ်ခံရတဲ့အမှုကို မလေးရှားအစိုးရက စုံစမ်းစစ်ဆေးတာဟာ သမာသမတ်ကျတယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။ မလေးရှားအာဏာပိုင်တွေက ကင်ဂျုံနမ် အသတ်ခံရတဲ့အမှုကို ကိုင်တွယ်တာ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်၊ ယုံလို့မရဘူးလို့ မြောက်ကိုရီးယား သံအမတ်က ပြစ်တင်ပြောဆိုခဲ့တဲ့အတွက် မလေးရှားအစိုးရက သူ့ရဲ့သံအမတ်ကို ပြန်ခေါ်ခဲ့တာပါ။ မလေးရှားသံအမတ် မိုဟာမက် နီဇန် မိုဟာမတ်ကတော့ သူ့ရဲ့အစိုးရ ဆောင်ရွက်ချက်တွေဟာ သမာသမတ်ကျပြီး အစိုးရအနေနဲ့ ဘယ်ဘက်ကမှ ဘက်လိုက်စရာအကြောင်း မရှိဘူးလို့ သူ့နိုင်ငံကိုအပြန် ဘေကျင်းလေဆိပ်မှာ ပြောပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်ကြပြီး မြောက်ကိုရီးယားနိုင်ငံကို ထိခိုက်အောင် မလေးရှားနိုင်ငံအနေနဲ့ လုပ်စရာအကြောင်း မရှိပါဘူးလို့ မလေးရှားသံအမတ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ မလေးရှားဝန်ကြီးချုပ်ကတော့ မြောက်ကိုရီးယားသံအမတ်ရဲ့ ပြောဆိုမှုဟာ သံတမန်ရေးအရ ရိုင်းစိုင်းတယ်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up