အဂတိလိုက်စားမှုဖြင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန်းကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ - ရိုက်တာ
ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန်း (Donald Tsang) ကို အဂတိလိုက်စားမှုနဲ့ ဒီကနေ့ ထောင်ဒဏ် လ ၂၀ ချမှတ်လိုက်ပါတယ်။ အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန်းဟာ ဟောင်ကောင်ကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ဟောင်ကောင်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်လာပါတယ်။ သူ ဟောင်ကောင်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်ပြည်မကြီးမှာ အဆင့်မြင့်အိမ်ယာတခုနဲ့ ပတ်သက်ပြီး မလျော်မကန်ပြုမူမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်နယ်ဆန်းကတော့ သူ့မှာ အပြစ်မရှိဘူးလို့ အရင်က ငြင်းဆိုခဲ့ပါတယ်။ အဂတိလိုက်စားမှု ကင်းစင်မှုမှာ နာမည်ကျော်ကြားတဲ့ ဟောင်ကောင်မှာ အခုလို အုပ်ချုပ်ရေးမှူးတယောက်က ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် ဟောင်ကောင်ရဲ့ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တရားသူကြီးက သူ့တရားရေးဝန်ထမ်း သက်တမ်းတလျှောက် အခုလောက် ရာထူးကြီးတဲ့ ပုဂ္ဂိုလ်မျိုး ဘယ်တုန်းကမှ ပြစ်ဒဏ်ချမှတ်ခဲ့ဖူးခြင်း မရှိဘူးလို့ ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဒေါ်နယ်ဆန်းဟာ အစိုးရဝန်ထမ်းတဦးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဟောင်ကောင်ရဲ့ ပထမဆုံး အုပ်ချုပ်ရေးမှူး တုန်ချီးဟွာပြီးရင် ဒုတိယမြောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up