Home
မြန်မာသတင်း
မိဘမဲ့ဂေဟာမှ ကလေး ၂ ဦးကို ရောင်းစားရန်သွေးဆောင်သူ ၂ ဦး ကော့သောင်းတွင် ဖမ်းမိ
DVB
·
February 21, 2017
  ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ၊ ရွှေတောင်ဦး မိဘမဲ့ ပရဟိတကျောင်းမှ ကျောင်းသားနှစ်ဦးကို ရောင်းစားရန် သွေးဆောင်ဖြားယောင်းသူ ၂ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းမြို့မ ရဲစခန်းက သိရပါတယ်။ ရွှေတောင်ဦး မိဘမဲ့ ပရဟိတကျောင်း ဂေဟာမှူး ဦးလွင်က ကျောင်းမှာ မောင်စိုင်းသီဟနဲ့ မောင်သီဟတို့ ပျောက်ဆုံးနေကြောင်း သိရတဲ့အတွက် လိုက်လံစုံစမ်းရှာဖွေရာ ကျောင်းအနီး ကိုပြူးရဲ့ နေအိမ်မှာ ခေတ္တရောက်ရှိနေတဲ့ အာလီ(ခ)စိုးနိုင် (၃၄-နှစ်) နဲ့ စန်းဝင်း (၅၀-နှစ်) တို့ဟာ အခြားကျောင်းသား ၃ ဦးနဲ့အတူ ဖေဖော်ဝါရီ ၁၈ ရက်က လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။   ဆက်လက်ရှာဖွေရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဦးဝင်းလှိုင်ရဲ့ ပြုပြင်ရန် ကုန်းပေါ်တင်ထားတဲ့ လှေပေါ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သွေးဆောင်ဖြားယောင်သူ အာလီ(ခ)စိုးနိုင်နဲ့ စန်းဝင်းတို့ကို ဦးလွင်က တရားလိုပြုလုပ်ပြီး ကော့သောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၆၇/၅၁၁ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024