ဘလက်ဘန်းနှင့် အက်ဖ်အေဖလားပွဲတွင် မန်ယူအရန်ကစားသမားတန်ဖိုး စံချိန်တင်

ဘလက်ဘန်းအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်ယူအသင်း အရန်ကစားသမားတွေရဲ့ တန်ဖိုးဟာ အက်ဖ်အေဖလား သမိုင်းတလျှောက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အရန်စာရင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့အတူ မာတာ၊ ဘိုင်လီ၊ လုခ်ရှော၊ ရှဝိန်းစတိုင်ဂါ၊ အီဗရာဟီမိုဗစ်နဲ့ ဟန်ဒါဆင်တို့ ပါဝင်ခဲ့ပြီး သူတို့ရဲ့ တန်ဖိုးဟာ ပေါင် ၁၉၂ သန်းလောက် ရှိခဲ့တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယတန်ဖိုးအကြီးဆုံး အရန်လူစာရင်းဖြစ်ခဲ့တဲ့ အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ မန်စီးတီးအသင်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား ၃၂ အသင်းအဆင့်မှာ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အရန်လူစာရင်း တန်ဖိုးက ပေါင် ၁၆၉ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up