မျက်လုံး ၁ နှင့် နှာမောင်းပါသည့် ဝက်ကလေး ဂန့်ဂေါတွင် မွေးဖွား

  မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာနေ ဒေါ်ပုတင်နေအိမ်မှာ ဒီနေ့ မနက် ၈ နာရီက ဝက်မကြီးမှ ဝက်သားပေါက် ၆ ကောင်မွေးရာ ၄ ကောင်မြှောက် ဝက်ကလေးမှာထူးဆန်းစွာမွေးပြီး  မွေးပြီပြီးချင်းခဏ အသက်ရှင်ပြီးသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဝက်သားပေါက်ကလေးမှာ မျက်လုံးတလုံးထဲပါရှိပြီး၊ မျက်လုံးအပေါ်တွင် နှာမောင်းငယ်လေးတခုလည်း ပါရှိပါတယ်။ အဲ့ဒီ ၀က်အသေကောင်လေးကို အနီးအနားရွာတွေက လာရောက်ကြည့်ကြသူတွေရှိပြီး၊ မွန်းလွဲပိုင်းမှာ မြေမြုပ်ခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ယာသားလေး၊ သန်းဝင်းနိုင်(ဂန့်ဂေါ)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up