DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် မော်လမြိုင်က စိန်တုံးမိဖုရားကျောင်း (ဓာတ်ပုံ)
DVB
·
February 20, 2017
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် မော်လမြိုင်က စိန်တုံးမိဖုရားကျောင်း (ဓာတ်ပုံ)
1 / 12
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရတနာပုံခေတ် နှစ်ပေါင်း ၁၀၀ ကျော် ရှေးလက်ရာဟောင်း အဆောက်အဦတွေနဲ့ ကိုလိုနီခေတ် အဆောက်အဦတွေကို တိုင်းပြည်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပါတယ်။

မော်လမြိုင်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေထဲမှာ မင်းတုန်းမင်းရဲ့ မိဖုရား စိန်တုံးမိဖုရားက ဝဇီရာ ရာမ ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်းထားခဲ့တဲ့ ရတနာဘုံမြင့် ခေါ် စိန်တုံးမိဖုရားကျောင်းတော်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

စိန်တုံးမိဖုရားကျောင်းဆောင်ဟာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်တဲ့ သစ်သားကျောင်းတော်ကြီး၊ မှန်စီရွှေချပလ္လင်နဲ့ ရှေးဟောင်းပန်းပုလက်ရာ အဆောက်အဦဖြစ်ပြီး ရောင်စုံမှန်ပြတင်းပေါက်နဲ့ အလင်းရောင်ဝင်ဖို့ လက်ရာမြောက် ဆောက်လုပ်ထားတာပါ။

စိန်တုံးမိဖုရားကြီးကတော့ မော်လမြိုင်မြို့မှာ ဝဇီရာ ရာမ ဆရာတော်အတွက် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပြီးနောက် သီလရှင်ဝတ်သွားခဲ့ပါတယ်။

ရှေးဟောင်းလက်ရာတွေကို လက်ရှိကျောင်းထိုင်ဆရာတော်တွေက အလှူငွေတွေနဲ့ ဆေးသုတ်ထိန်းသိမ်းထားပါတယ်။

မွန်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်နယ်ဖြစ်တဲ့အလျောက် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့လည်း ကုန်သွယ်မှု အဆက်မပြတ် ကူးလူးဆက်ဆံနေတဲ့ ဒေသဖြစ်ပါတယ်။

ကုန်းလမ်းကရော ရေလမ်းကနေပါ ဝင်ထွက်သွားလာနိုင်တဲ့ဒေသဖြစ်လို့ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေအနေနဲ့ မော်လမြိုင်မြို့မှာရှိတဲ့ မြန်မာ့ရှေးလက်ရာယဉ်ကျေးမူ အဆောက်အဦတွေကို လာရောက်လေ့လာနိုင်ပြီး ဒေသခံတွေအတွက်လည်း ဝင်ငွေတိုးစေမှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - တာရာ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013