A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​ရွှေမန်း​ ​တွေ့​ဖွယ်ရှိ

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​တို့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံဖွယ်ရှိတယ်လို့​ သိရပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲချုပ် ပါတီမှတ်ပုံတင်ဖို့​ ကိစ္စ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​တင်ဦး​တို့​ မနက်ဖြန် ​နေပြည်​တော်ကို သွား​ရောက်တဲ့​ ခရီး​စဉ်အတွင်း​မှာ သူရ ဦး​ရွှေမန်း​နဲ့​ ​တွေ့​ဆုံဖွယ်ရှိတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။ “သတင်း​တော့​ထွက်​နေပါတယ်။ ​တွေ့​မယ်ဆိုရင်​တော့​ မနက်ဖြန်ပါပဲ။ မနက်ဖြန် အမ ​နေပြည်​တော် တက်ဖို့​ရှိပါတယ်၊​ မှတ်ပုံတင်တဲ့​ဆိုင်း​သွား​ထိုး​မှာပါ၊​ ဦး​တင်ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အဲဒီမှာ​တွေ့​မယ်လို့​ ကြား​တာပဲ။” ဦး​ရွှေမန်း​ရဲ့​ ဖိတ်ကြား​ချက်အရ ​တွေ့​ဆုံတာလား​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်လား​ဆိုတဲ့​ ​မေး​ခွန်း​ကို​တော့​ အခုချိန်မှာ မ​ပြောပြနိုင်ဘူး​လို့​ သူက ဆိုပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​ရွှေမန်း​တို့​ အရင်ကလည်း​ လျှို့​ဝှက်တွေ့​ဆုံခဲ့​ဖူး​တယ် လို့​လည်း​ သတင်း​တွေ ထွက်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က​တော့​ ဒီသတင်း​ကို မဟုတ်မှန်​ကြောင်း​ ငြင်း​ဆိုပါတယ်။ ဒါ​ပေမယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ခင်​အောင်မြင့်​နဲ့​ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဦး​ဥာဏ်ဝင်း​က အတည်ပြု​ပြောကြား​ပါတယ်။ ဦး​တင်ဦး​၊​ ​ဒေါ်​ဆောင်ဆန်း​စုကြည် ဦး​ဥာဏ်ဝင်း​နဲ့​တခြား​အဖွဲ့​ဝင် ၅ ဦး​ခန့်​ ဟာ မနက်ဖြန် မနက် ၇ နာရီ​လောက်မှာ ​နေပြည်​တော်ကို ​လေယာဉ်နဲ့​ သွား​ဖို့​စီစဉ် ထား​ပါတယ်။ မှတ်ပုံတင်ကိစ္စပြီး​ရင် ​နေပြည်​တော်မှာ အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်တချို့​နဲ့​ ​တွေ့​ဆုံဖို့​လည်း​ အစီစဉ်ရှိ​နေတာပါ။ ဒေါ်​အောင်ဆန်း​စုကြည်ဟာ မြန်မာအစိုး​ရအဖွဲ့​ခေါင်း​ဆောင် သမ္မတ ဦး​သိန်း​ စိန်နဲ့​ ပြီး​ခဲ့​တဲ့​ ဩဂုတ် ၁၉ ရက်က ပထမဆုံး​အကြိမ် ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up