DVB Logo
Home
မြန်မာသတင်း
ကချင်စစ်​ပြေး​ဒုက္ခသည်များ​ကို ​ရေရှည်ကူညီရန် လူ့​အခွင့်​အ​ရေး​အဖွဲ့​ ​တောင်း​ဆို
DVB
·
December 21, 2011
Donate to DVB

ကချင်စစ်​ပြေး​ဒုက္ခသည်​တွေကို ​ရေရှည်ကူညီသွား​ဖို့​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​အဖွဲ့​ (HRW)က မြန်မာ အစိုး​ရကို ဒီက​နေ့​ တိုက်တွန်း​လိုက်ပါတယ်။

ကချင်စစ်​ပြေး​ဒုက္ခသည်​တွေကို ကူညီရာမှာ ခံယူချက်ရှိရှိဖြင့်​ ​ရေရှည်ကူညီသွား​ဖို့​ အကူအညီ​ပေး​ဖို့​ နယူး​ယောက်ခ်အ​ခြေစိုက် အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​အဖွဲ့​ (HRW) က ​ကြေညာချက်ထုတ်ပြန်ပြီး​ မြန်မာအစိုး​ရကို ခုလို တိုက်တွန်း​လိုက်တာပါ။

ဇွန်လကတည်း​က မြန်မာအစိုး​ရတပ်နဲ့​ ကချင်လွတ်​မြောက်​ရေး​တပ်မ​တော် တို့​အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ ကချင်ပြည်နယ်က ရွာသား​ ၅ ​သောင်း​ခန့်​ဟာ တရုတ်-မြန်မာ နယ်စပ်​တွေကို တိမ်း​ရှောင်​နေရပြီး​ လူသား​ချင်း​ စာနာတဲ့​ အ​ထောက်အပံ့​တွေ လိုအပ်​နေတယ်လို့​လည်း​ ထုတ်ပြန်ချက်မှာ ​ရေး​သား​ထား​ပါတယ်။

ဒုက္ခသည်​တွေကို ကူညီဖို့​ တိုက်တွန်း​ရတဲ့​အ​ကြောင်း​ရင်း​နဲ့​ပတ်သက်ပြီး​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​အဖွဲ့​ရဲ့​ ​ဒေး​ဗစ် မက်သီဆန်က အခုလို​ပြောပါတယ်။

“ဒီကိစ္စကို အာရုံစိုက်လာ​အောင်လို့​ အခုလိုလုပ်ရတာဖြစ်တယ်။ ဒါဟာ မြန်မာအစိုး​ရ တခုတည်း​ရဲ့​ အ​ရေး​မဟုတ်​တော့​ပါဘူး​၊​ နိုင်ငံတကာအကူအညီ​ပေး​ရေး​ အဖွဲ့​အစည်း​တွေနဲ့​ မြန်မာနိုင်ငံက လူမှု​ရေး​အဖွဲ့​တွေကလည်း​ အာရုံစိုက်ကူညီဖို့​ ​မျှော်လင့်​ပါတယ်။ အပစ်ရပ်ဖို့​တွေ​ပြော​နေတာ မဟုတ်ပါဘူး​။ ကျ​နော်တို့​က လူသား​ချင်း​စာနာတဲ့​ အကူအညီနဲ့​ လူ့​အခွင့်​အ​ရေး​အတွက်ကိုပဲ ပူပန်မိပါတယ်။ အကူအညီ​တွေရဖို့​ ထွက်​ပြေး​တိမ်း​ရှောင်​နေရတဲ့​ ဒုက္ခသည်​တွေက တကယ်ကို လိုအပ်​နေလို့​ပါ။”

မြန်မာအစိုး​ရက ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ ဒီဇင်ဘာအ​စောပိုင်း​မှာ ကုလသမဂ္ဂကို ခွင့်​ပြုခဲ့​တဲ့​အတွက် ဒီဇင်ဘာ ၁၂ ရက် မှာ​တော့​ လိုင်ဇာအနီး​က ဒုက္ခသည်​တွေအတွက် အကူအညီ​တွေကို ​ပေး​ခဲ့​ပါတယ်။

အစိုး​ရတပ်က အရပ်သား​တွေကို တိုက်ခိုက်မှုများ​အပြင် အစိုး​ရတပ်နဲ့​ ​ကေအိုင်​အေတို့​အကြား​ က​လေး​စစ်သား​နဲ့​ ​မြေမြုပ်မိုင်း​ သုံး​စွဲမှုတို့​ဟာလည်း​ နိုင်ငံတကာ ဥပ​ဒေ ချိုး​ဖောက်မှုဖြစ်တယ်လို့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​က မှတ်တမ်း​ တင်ထား​တယ်လို့​လည်း​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​ နမ့်​ခမ်း​ဘက်မှာလည်း​ ခိုလှုံ​နေတဲ့​ စစ်​ပြေး​ဒုက္ခသည် ၅၀၀ ခန့်​အတွက်​တော့​ ကုလသမဂ္ဂက အကူအညီတစုံတရာ မ​ရောက်လာ​သေး​ဘူး​လို့​ ကချင်ဒုက္ခသည်​တွေကို အကူအညီ​ပေး​နေတဲ့​ ကချင်လူငယ် ​ကော့​ဂျာက ​ပြောပါတယ်။

“အခုကျအရမ်း​အေး​လာပြီဆို​တော့​ သိတဲ့​အတိုင်း​ပဲ camp ဆိုလည်း​ ဒီမိုး​ကာနဲ့​လုပ်ထား​တာ​ပေါ့။ ဌာနဆိုင်ရာက အကူအညီ​တော့​ မလာဘူး​။ ဒါ​ပေမယ့်​ တရပ်ကွက်ဝင် တရပ်ကွက်ထွက်ပြီး​မှ ဒီမှာဒုက္ခသည်​တွေ ​ရောက်​နေတာကြား​တယ်။ ဒါ​ကြောင့်​ တတ်နိုင်သမျှ လာကူညီကြပါဆိုပြီး​မှ​တော့​ ​ကြေညာ​ပေး​တာ​ပေါ့​။ ​နောက်ပြီး​ အဲဒီတာဝန်ခံ​တွေ ​ပြောတာက မီဒီယာနဲ့​ ပတ်သက်ပြီး​တော့​ နင်တို့​သတင်း​တွေ ဓာတ်ပုံ​တွေက အင်တာနက်​ပေါ်မ​ရောက်​စေနဲ့​ပေါ့​။ ဓာတ်ပုံ​တွေလည်း​ မရိုက်​ပေး​ပါနဲ​ပေါ့​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013