DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့်​အစိုး​ရ ဇန်နဝါရီ ၁၂ ရက်​နေ့​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​မည်
DVB
·
December 21, 2011
ကေအန်ယူနှင့်​အစိုး​ရ ဇန်နဝါရီ ၁၂ ရက်​နေ့​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​မည်
Donate to DVB

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ရဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီအဖွဲ့​ဝင်တချို့​နဲ့​ အစိုး​ရကိုယ်စား​လှယ် မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​တို့​ ဒီ​နေ့​ မနက်ပိုင်း​ မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံခဲ့​ကြပါတယ်။

ကေအန်ယူအ​နေနဲ့​ လာမယ့်​ ဇန်နဝါရီလ ဒုတိယအပတ်မှာ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ဆွေး​နွေး​ဖို့​ ဘား​အံမြို့​ကိုသွား​ရောက်မှာဖြစ်ပြီး​ အဲဒီကိစ္စနဲ့​ပတ်သက်ပြီး​ အလွတ်သ​ဘော ထပ်မံ​တွေ့​ဆုံတာလို့​ ​ကေအန်ယူငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီအတွင်း​ရေး​မှူး ပဒို​စော​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

မနက် ၉ နာရီက​နေ ၁၁ နာရီခွဲအထိ ​တွေ့​ဆုံပွဲမှာ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မယ့်​ရက်ကို ဇန်ဝါရီ ၁၂ ရက်​နေ့​အဖြစ် သတ်မှတ်ခဲ့​ပြီး​ အခြား​ အလွတ်သဘာ​ဆွေး​နွေး​မှု​တွေနဲ့​ ပတ်သက်ပြီး​ ပဒို​စော​ဒေး​ဗစ်​ထောက အခုလို ​ပြောပါတယ်။

“အပစ်ခတ်ရပ်စဲ​ရေး​ ကိစ္စဖြစ်​တော့​ တချို့​ တပ်ကိစ္စ​တွေကိုလည်း​ ကျ​နော်တို့​ ​ပြောဖြစ်ပါတယ်။ အဲဒါကျ​တော့​ အတည်ပြုချက်​တော့​ မဟုတ်​ပေမယ့်​ တဦး​နဲ့​တဦး​ သိထား​ဖို့​အတွက်​တော့​ ကျ​နော်တို့​ အလွတ်သ​ဘောမှာ ​ဆွေး​နွေး​ပြောဆိုတာ​တွေ ရှိပါတယ်။ အပစ်ခတ်ရပ်စဲ​ရေး​ ဖြစ်နိုင်ဖို့​၊​ ​နောက်ပြီး​တော့​ ဆက်သွယ်​ရေး​ရုံး​တွေ ထား​ရှိနိုင်ဖို့​ ဆိုတဲ့​ဟာက​တော့​ ပါတာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ အပစ်ခတ်ရပ်စဲ​ရေး​ကို ကျ​နော်တို့​ သွား​တဲ့​အခါမှာ သိပ်ပြီး​တော့​လည်း​ မ​လောဖို့​ပေါ့​နော်။ ​နောက်တခုကလည်း​ သိပ်ပြီး​တော့​လည်း​ မ​နှေး​ကြဖို့​ပေါ့​။”

ဝန်ကြီး​ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​တို့​ ​တွေ့​ဆုံမှုဟာ တတိယအကြိမ်ဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ ၉ ရက်​နေ့​က ထိုင်း​-မြန်မာ နယ်စပ် မဲ​ဆောက်မြို့​မှာ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပါတယ်။

တွေ့​ဆုံမှုအပြီး​ နိုဝင်ဘာလ ၈ ရက်က​နေ ၁၁ ရက်​နေ့​အထိ ​ကေအန်ယူက အ​ရေး​ပေါ် အစည်း​အ​ဝေး​တခု ပြုလုပ်ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၇ ဦး​ပါဝင်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ကော်မတီကို ဖွဲ့​စည်း​ခဲ့​ပါတယ်။

ဇန်နဝါရီလ ၁၂ ရက် အပစ်ခတ်ရပ်စဲ​ရေး​ဆွေး​နွေး​မှုမှာ အ​ကောင်း​ဆုံး​ ရလဒ်​တွေထွက်လာမယ်လို့​ ယူဆ​ကြောင်း​လည်း​ ပဒို​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

“နှစ်ဖက်သ​ဘောက​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​က ငြိမ်း​ချမ်း​ရေး​ကို သွား​မယ့်​ ပထမ ​လှေကား​ပေါ့​လေ။ အုတ်မြစ် ဖြစ်တဲ့​အတွက်​သေ​သေချာချာ တ​ယောက်နဲ့​တ​ယောက် ​ဆွေး​နွေး​ပြောဆိုပြီး​တော့​ လက်မှတ်ထိုး​နိုင်တဲ့​အဆင့်​ကို​တော့​ ​ရောက်မယ်လို့​တော့​ ကျ​နော်တို့​တော့​ ယုံပါတယ်။ မထိုး​ဖြစ်​သေး​တောင်မှ နား​လည်မှု အများ​ကြီး​ ရနိုင်ဖို့​အတွက် ကျ​နော်တို့​ ​ပြောဆိုကြမယ်လို့​လည်း​ ရည်ရွယ်ထား​ပါတယ်။

ငြိမ်း​ချမ်း​ရေး​ကို နှစ်ဖက်စလုံး​က မြတ်နိုး​တယ်၊​ ​နောက် လိုလည်း​ လိုလား​ကြတဲ့​အချိန်မှာ တ​ယောက်နဲ့​တ​ယောက် နား​လည်မှု ယုံကြည်မှု​တွေ များ​များ​ တည်​ဆောက်နိုင်ရင် ငြိမ်း​ချမ်း​ရေး​က အ​ကောင်အထည်​ပေါ်လာမယ်လို့​ပဲ ကျ​နော်တို့​ ယုံပါတယ်။ တရား​ဝင် နိုင်ငံ​တော်အစိုး​ရက ဖိတ်​ခေါ်ထား​တဲ့​အ​ပေါ်မှာ ကျ​နော်တို့​က သွား​ပြီး​တော့​ ​တွေ့​ဆုံ​ပြောဆိုမှာ ဖြစ်တယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​ကလည်း​ ​ကောင်း​တဲ့​အလား​လာကိုပဲ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်လို့​ ​ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013