ဗန်းမောက်မြို့တွင် မူးယစ်ဆေးဝါး ၇၂ သိန်းဖိုးဖမ်းဆီးရမိ
DVB
·
February 19, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ဗန်းမောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီလောက်က WY စာတမ်းပါမူးယစ်ဆေးဝါး ၇၂ သိန်း ဖိုး ဖမ်းဆီးရမိကြောင်း မံစီနယ်မြေရဲစခန်းက ပြောပါတယ်။
မံစီနယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်မောင်ဇော်နဲ့အဖွဲ့ဟာ မံအင်မင်းကုန်းအုပ်စု ကူးဆိပ်မော်ဈေးတန်းအနီး ဓမ္မာရုံမြောက်ဘက် ၁ဖာလုံအကွာ လူမနေတဲ့ တဲဟောင်းအတွင်းမှာ မူးယစ်ဆေးဝါးရောင်းချဖို့ လူစိမ်းတွေ ရောက်ရှိနေတယ်လို့သတင်း အရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ တဲပေါ်မှာ ကျန်အောင်နဲ့ သန်းအောင် နှစ်ဦးတို့ကို တွေ့ရပြီး သူတို့ဆီက စတီးသံပြားအကွင်းတခုကို တိပ်အဖြူနဲ့ပတ်ပြီး ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ကပ်ခွာအိပ်အတွင်းက wy စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၆၀ စီပါ ၈ ထုပ်နဲ့ စတီးသံပြားကွင်း အပြင်မှာ ၁၆၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ၁၄၄၀ ပြား နဲ့ ဆင်းကဒ်ပါ ztx စာတန်းပါ ဟန်းဆက်တလုံးတို့ကို သိမ်းဆည်းခဲ့ပြီး ရဲအုပ်မောင်ဇော်က တရားလိုပြုလုပ် တိုင်တန်းထားတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိတဲ့ ကျန်အောင်နဲ့ သန်းအောင်တို့ကု မံစီနယ်မြေရဲစခန်းက မယ(ပ) ၅/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။
ကိုကျော် (အင်းတော်)