DVB Logo
Home
မြန်မာသတင်း
မဲ​ခေါင်ထိပ်သီး​ အစည်း​အ​ဝေး​တွင် သ​ဘောတူညီချက် ၃ ခု လက်မှတ်​ရေထိုး
DVB
·
December 21, 2011
မဲ​ခေါင်ထိပ်သီး​ အစည်း​အ​ဝေး​တွင် သ​ဘောတူညီချက် ၃ ခု လက်မှတ်​ရေထိုး
Donate to DVB

မြန်မာနိုင်ငံ ​နေပြည်​တော်မှာကျင်း​ပတဲ့​ ဂျီအမ်အက်စ်​ခေါ် မဟာမဲ​ခေါင်​ဒေသခွဲနိုင်ငံ​တွေရဲ့​ ထိပ်သီး​အစည်း​အ​ဝေး​ မ​နေ့​က ပြီး​စီး​သွား​ပြီဖြစ်ပြီး​ အ​ရေး​ပါတဲ့​ သ​ဘောတူညီချက် ၃ ခု လက်မှတ် ​ရေး​ထိုး​နိုင်ခဲ့​ပါတယ်။

သ​ဘောတူညီချက်​တွေက​တော့​ လူ​တွေ​ရွှေ့​ပြောင်း​သွား​လာမှု​ကြောင့်​ ဖြစ်ရတဲ့​ အိပ်ခ်ျအိုင်ဗွီကူး​စက်မှု​လျှော့​ချ​ရေး​ဆိုင်ရာ သ​ဘောတူညီချက်၊​ သတင်း​အချက်အလက်အမြန်ဆက်​ကြောင်း​ ကွန်ရက်တည်​ဆောက်မှု ဖွံ့​ဖြိုး​တိုး​တက်မှုဆိုင်ရာ သ​ဘောတူညီချက်နဲ့​ သယ်ယူပို့​ဆောင်သူများ​အသင်း​ ဖွဲ့​စည်း​ခြင်း​ဆိုင်ရာ သ​ဘောတူညီချက်​တွေပဲဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗွီဆိုင်ရာ သ​ဘောတူညီချက်က​တော့​ မဲ​ခေါင်​ဒေသနိုင်ငံ​တွေက ​ရွှေ့​ပြောင်း​သွား​လာသူ​တွေအကြား​ ​ရောဂါကူး​စက်မှု​လျှော့​ချ​ရေး​၊​ ကာကွယ်တား​ဆီး​ရေး​၊​ ကုသ​ရေး​နဲ့​ ​စောင့်​ရှောက်ကူညီပံ့​ပိုး​ပေး​မှုတို့​တိုး​မြှင့်​ဆောင်ရွက်ဖို့​ရည်ရွယ်ပါတယ်။

သတင်း​အချက်အလက် အမြန်ဆက်​ကြောင်း​ကွန်ရက်ဆိုင်ရာ သ​ဘောတူညီချက်က​တော့​ အသံ သတင်း​အချက်အလက်နဲ့​ အင်တာနက်ကို အသုံး​ပြုပြီး​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ ​ကျေး​လက်​ဒေသ ပညာသင်ကြား​ရေး​ ကျန်း​မာ​ရေး​နဲ့​ အခြား​ဝန်​ဆောင်မှု ကိစ္စ​တွေ​ဆောင်ရွက်ရာမှာ ပိုမို လွယ်ကူ​စေဖို့​ရည်ရွယ်တာဖြစ်ပါတယ်။

မဲ​ခေါင်​ဒေသ ၆ နိုင်ငံ သယ်ယူပို့​ဆောင်သူများ​အသင်း​ဖွဲ့​စည်း​ရခြင်း​နဲ့​ပတ်သက်ပြီး​ ရရှိလာနိုင်တဲ့​ အကျိုး​ကျေး​ဇူး​တွေကို​တော့​ အစည်း​အ​ဝေး​မှာ ပါဝင်တက်​ရောက်ခဲ့​တဲ့​ မြန်မာနိုင်ငံကုန်သည်များ​နှင့်​ စက်မှုလုပ်ငန်း​ရှင်များ​ အသင်း​ချုပ် တွဲဖက်အတွင်း​ရေး​မှူး​ ဦး​အောင်ခင်မြင့်​က ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ရဲ့​ သယ်ယူပို့​ဆောင်​ရေး​မှာ အထူး​သဖြင့်​ နယ်စပ်ဖြတ်​ကျော်ပို့​ဆောင်ရာမှာ ကုန်ကား​တွေကို တနိုင်ငံနဲ့​ တနိုင်ငံ ဖြတ်သန်း​မောင်း​နှင်ဖို့​ အတွက်ကို လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ​မောင်း​နှင်လို့​ ရ​အောင်လို့​၊​ အဲဒီလို​မောင်း​နှင်နိုင်ခြင်း​အား​ဖြင့်​ ကုန်စည်ကူး​သန်း​မှု​တွေ ပိုပြီး​တော့​ လွယ်ကူလျင်မြန်လာပြီး​တော့​ ကုန်သွယ်မှု ​တွေ တိုး​တက်မယ်လို့​ သူတို့​က ယူဆတာ​ပေါ့​နော်။

“ဘာပဲ​ပြော​ပြော နယ်စပ်ဖြတ်​ကျော်တဲ့​နေရာမှာ နိုင်ငံ တနိုင်ငံနဲ့​ တနိုင်ငံ ဖြတ်​ကျော်ပြီး​တော့​ ကုန်စည်ဖြတ်​ကျော်ပြီး​ သွား​ဖို့​အတွက်ကို အထူး​သဖြင့်​ ​မော်​တော်ကား​နဲ့​ပေါ့​နော် နယ်စပ်ဖြတ်​ကျော် သွား​တယ်ဆိုရင် နယ်စပ်​တွေမှာ အမြဲတမ်း​ ကြန့်​ကြာတတ်တယ်ခင်ဗျ။ နှစ်ဖက် အ​ကောက်ခွန်။ တဘက်ကစစ် ဟိုဘက်ကစစ်၊​ တဖက်အဝင်အထွက်ရဲ့​ သွင်း​ကုန်ထုတ်ကုန်နည်း​လမ်း​တွေကလည်း​ ညှိနှိုင်း​ရနဲ့​ အဲဒီလို ကြာတဲ့​အတွက် ကျ​နော်တို့​က ကုန်စည်​တွေကို မြန်မြန်ဆန်ဆန် မကူး​ပြောင်း​ဆက်သွယ်နိုင်ဘူး​လို့​ သူတို့​က ယူဆတာ​လေ။ အဲဒီ​တော့​ အဲဒါကိုသာ အကယ်၍ ကျ​နော်တို့​က တနိုင်ငံနဲ့​ တနိုင်ငံ ၂ နိုင်ငံတည်း​ဖြစ်ပါ​စေ ညှိနှိုင်း​ဆောင်ရွက် နိုင်မယ်ဆိုရင် နယ်စပ်မှာ ကုန်ကား​တွေက လွယ်လွယ်ကူကူ ဖြတ်​ကျော်သွား​နိုင်တဲ့​အတွက် ကုန်စည်ကူး​သန်း​မှု မြန်ဆန်လိမ့်​မယ်လို့​ပဲ ကျ​နော်က ယူဆပါတယ်ခင်ဗျ။”

ထိပ်သီး​အစည်း​အ​ဝေး​ကို ​နေပြည်​တော်မှာ ဒီဇင်ဘာ ၁၉နဲ့​ ၂ဝရက်​တွေမှာ ကျင်း​ပရာမှာ မြန်မာသမ္မတ ဦး​သိန်း​စိန် တက်​ရောက်ပြီး​ က​မ္ဘောဒီး​ယား​၊​ လာအို၊​ ထိုင်း​၊​ ဗီယက်နမ် နိုင်ငံတို့​က ဝန်ကြီး​ချုပ်​တွေနဲ့​ တရုတ်နိုင်ငံ​တော် ​ကောင်စီဝင်အဆင့်​ ပုဂ္ဂိုလ်တဦး​ တက်​ရောက်ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013