ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရ မင်းသား နောင်နောင် ကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ရဲက ဖမ်းမိလို့ မန္တလေးမြို့၊ အမှတ် ၆ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပါတယ်။ ဒီနေ့မနက် ၁0 နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့က ဖမ်းမိတာဖြစ်ပြီး အမှတ် ၆ စခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ အမှတ်၆ နယ်မြေရဲစခန်းမှူးက ဖုန်းကတဆင့် ပြောပါတယ်။ “လောလောဆယ် ကျနော်တို့ စခန်းကို ရောက်တော့ ရောက်နေတယ်၊ အမှု မဖွင့်ရသေးဘူး၊ ဖွင့်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ မူးယစ် မိတာ။” နောင်နောင် ခေါ် ဇော်မျိုးနောင် ရဲ့ အိပ်ခန်းခြေရင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းကနေ အိုက်စ် ၀.၈ ဂရမ်ခန့်ပါ ၁ ဘူး၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် ၂ဂ ရမ်ပါ ၁ ဘူး တို့နဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။ 16806814_1101640463297536_6470661858971260027_nနောင်နောင်ဟာ မန္တလေးက ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်ရဲ့ သားဖြစ်ပြီး သူ ပထမဆုံးရိုက်တဲ့ ဇာတ်ကား ထာဝရအလင်းတန်းနဲ့ အကယ်ဒမီ ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up