လက်ဖြောင့်သေနတ်သမားက ရဟတ်ယာဉ်ပေါ်မှ ရဲကိုပစ်ခတ်သည့်ရုပ်သံ ထွက်ပေါ်

အမေရိကန်နိုင်ငံ၊  ကယ်လီးဖိုးနီးယားပြည်နယ် အုပ်ကလန်မြို့ ကျောင်းတကျောင်းအနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်က ရဲတွေနဲ့ဒေသခံတွေကို ဂျက်ဆီအန်ဂျိုင်ရန်ဆိုသူက ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အဝေးပြေးလမ်းမ စစ်ဆေးရေးရဲတွေ ပြောပြချက်အရ လက်ဖြောင့်သေနတ်သမားကို “လက်နက်မပါပဲ ဖမ်းဆီးမိတယ်၊ ရဟတ်ယာဉ်ပေါ်က ရိုက်ကူးရရှိမှုတွေအရလည်း သေနတ်သမားကို လူနာတင်ယာဉ်ပေါ် တင်သွားတယ်လို့ သိရပါတယ်။ မနက် ၉ နာရီလောက်ကတည်းက လက်ဖြောင့်သေနတ်သမားကို ရိုင်ဖယ်သေနတ်အရှည်နဲ့ တွေ့ရှိတယ်ဆိုပြီး ရဲတွေကို သတင်းပေးထားတာပါ။ အခင်းဖြစ်ပွားရာနေရာအနီးအနားက လမ်းတွေကိုလည်း ပိတ်လိုက်ပြီး ရဲတွေက ရှာဖွေခဲ့တာပါ။ ရုပ်သံဗွီဒီယိုထဲမှာတော့ သေနတ်သမားက အိမ်တစ်အိမ်ရဲ့ ပြူတင်းပေါက်ကနေ လှမ်းပြီးပစ်ခတ်ခဲ့တယ်၊ နောက်အဲ့ဒီအိမ်က ထွက်ခွာခဲ့ပြီး ကားဂိုဒေါင်တံခါးမှာ မျက်စိပုံ၊ ဒါမှမဟုတ် အမျိုးသမီးရင်သားပုံလို့ ယူဆရတဲ့ ပုံတွေနဲ့ လမ်းပေါ်မှာ ရပ်ထားတဲ့ ကားအဖြူပေါ်မှာလည်း အမျိုးသား လိင်အင်္ဂါပုံတွေကို မှုတ်ဆေးတွေနဲ့ ရေးဆွဲတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ခြံစည်းရိုးတံခါးတွေ သူ့အပေါ်ကနေ ရုပ်သံရိုက်နေတဲ့ ရဟတ်ယာဉ်ကို သေနတ်နဲ့ ထပ်မံပစ်ခတ်ခဲ့တယ်၊ ရဲက သူ့ကို သေနတ်နဲ့ ပစ်မဖမ်းမိခင် ရဲအရာရှိတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိတဲ့ ဒဏ်ရာတွေနဲ့ သေနတ်သမားကို ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ရဲကပြောလိုက်ပြီး “ဒါက အုပ်ကလန်ရဲဌာနအတွက် လုံးဝကို စိုးရိမ်စရာတစ်ခုပဲ” လို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိ ဂျွန်နာဝက်ဆန်က ပြောလိုက်ပါတယ်။ ဘာကြောင့်ပစ်ခတ်လဲဆိုတာကိုတော့ ရဲတွေက စုံစမ်းနေဆဲလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up