Home
မြန်မာသတင်း
မောင်တောတွင် မြန်မာ့တပ်မတော်နှင့် အမည်းရောင်ဝတ်စုံဝတ် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်
DVB
·
February 18, 2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာ့တပ်မတော် စစ်ကြောင်းတခုနဲ့ လက်နက်ကိုင် တပ်ဖွဲ့တခုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၆ နဲ့ ၅၇ ကြား နယ်စပ်ခြံစည်းရိုးမှာ မြေထိုးစက်နဲ့ လမ်းပြုပင်ရေး ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးအဖွဲ့ကို လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့တန်းလုံခြုံရေးတပ်စုတခုအား အင်အား အယောက် ၃၀ လောက်ရှိ အမည်းရောင်ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရတာပါ။ ထိတွေ့ပစ်ခတ်မှုကြောင့် မြန်မာ့တပ်မတော်က ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့မှာ မစိုးရိမ်ရတဲ့ ဒာဏ်ရာရရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့ကို ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် အရှေ့ဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ အမည်းရောင် ၀တ်စုံဝတ်ဆင်ထားပြီး ဦးဆောင်ပါဝင်သူကိုတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲပဲလို့ သိရှိရပါတယ်။ သတင်းဓာတ်ပုံ - ကိုအောင် (နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ နယ်စပ်လုံခြုံရေးဆောင်ရွက်နေစဉ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024