DVB Logo
Home
မြန်မာသတင်း
လှည်း​တန်း​ဗုံး​ကွဲ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး
DVB
·
December 21, 2011
လှည်း​တန်း​ဗုံး​ကွဲ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး
1 / 2
Donate to DVB

ရန်ကုန်မြို့​ လှည်း​တန်း​လမ်း​ဆုံအနီး​က အများ​သုံး​ အိမ်သာတလုံး​မှာ ဒီက​နေ့​ မနက် ၁၁ နာရီ​လောက်က ​ပေါက်ကွဲမှုဖြစ်ပွား​ခဲ့​တာ​ကြောင့်​ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​ပြီး​ ၁ ဦး​ ဒဏ်ရာရရှိသွား​ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း​နဲ့​ ပြည်လမ်း​ထောင့်​မှာ မကြာ​သေး​ခင်က ဖွင့်​လှစ်လိုက်တဲ့​ အများ​သုံး​ အိမ်သာမှာ ​ပေါက်ကွဲမှု​တွေ ဖြစ်ပွား​ခဲ့​တာပါ။

ဗုံး​ပေါက်ကွဲမှု ဖြစ်ပွား​ရာ​နေရာကို ​ရောက်သွား​သူတဦး​က “အများ​ပြည်သူသုံး​ သန့်​စင်ခန်း​မှာ ဗုံး​ကွဲသွား​တာခင်ဗျ။ ဗုံး​ကတလုံး​ကွဲတယ်၊​ တလုံး​ရှာ​ဖွေ​တွေ့​ရှိတယ်။ နှစ်​ယောက်မှာ တ​ယောက်က ဒဏ်ရာရသွား​တယ်။ တ​ယောက်က ​သေသွား​တယ်။ ​သေသွား​တဲ့​အမျိုး​သမီး​က သန့်​စင်ခန်း​မှာ ပိုက်ဆံ​ကောက်တဲ့​ အမျိုး​သမီး​ပါ” လို့​ ​ပြောပါတယ်။

ရန်ကုန်ကလာတဲ့​ ​အေဂျင်စီသတင်း​တွေမှာလည်း​ အမျိုး​သမီး​တဦး​သေဆုံး​သွား​တဲ့​အ​ကြောင်း​၊​ ရဲလုံခြုံ​ရေး​ အရာရှိ​တွေရဲ့​ ​ပြောကြား​ချက်ကို ကိုး​ကား​ပြီး​ ​ဖော်ပြထား​ပါတယ်။

ဖောက်ခွဲမှုဟာ ဘယ်သူ့​လက်ချက်လဲဆိုတာ မသိရ​သေး​ဘဲ အခင်း​ဖြစ် ပွား​ရာ​နေရာကို အာဏာပိုင်​တွေက ရှင်း​လင်း​မှု​တွေပြုလုပ်​နေပြီး​ ဗုံး​ပေါက်ကွဲရခြင်း​ အ​ကြောင်း​ရင်း​ကို စုံစမ်း​စစ်​ဆေး​မှု​တွေ ပြုလုပ်​နေဆဲဖြစ်ပါတယ်။

အတည်မပြုနိုင်​သေး​တဲ့​ သတင်း​တွေအရ ​သေဆုံး​သူ ၂ ဦး​လောက် ရှိနိုင်တယ်လို့​လည်း​ သတင်း​တွေ ထွက်​နေပါတယ်။

ဒီဗွီဘီက ကမာရွတ်ရဲစခန်း​ကို စုံစမ်း​မေး​မြန်း​ကြည့်​တဲ့​အခါမှာ​တော့​ ပြည်ထဲ​ရေး​ဝန်ကြီး​ရဲ့​ ခွင့်​ပြုချက်ရမှ ပြန်လည်​ဖြေကြား​နိုင်မယ်လို့​ တာဝန်ကျရဲအရာရှိက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013