DVB Logo
Home
မြန်မာသတင်း
အစိုး​ရနှင့်​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ချင်း​အမျိုး​သား​တပ်ဦး​ အ​ရေး​ပေါ်ညီလာခံကျင်း​ပ
DVB
·
December 20, 2011
အစိုး​ရနှင့်​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ချင်း​အမျိုး​သား​တပ်ဦး​ အ​ရေး​ပေါ်ညီလာခံကျင်း​ပ
Donate to DVB

အစိုး​ရကိုယ်စား​လှယ်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ပမာဏ​တွေ့​ဆုံပွဲမှာ ချင်း​ပြည်သူ​တွေ ဆုံး​ဖြတ်ချက်ပါဝင်ဖို့​အတွက် ချင်း​အမျိုး​သား​တပ်ဦး​က အ​ရေး​ပေါ်ညီလာခံတရပ် ​ခေါ်ယူခဲ့​ပါတယ်။

[caption id="attachment_19003" align="alignright" width="300" caption="အရေးပေါ်ညီလာခံ ကျင်းပစဉ်"][/caption]

လာမယ့်​ဇန်နဝါရီလ ၅ ရက်နဲ့​ ၆ ရက်​နေ့​ကျရင် ချင်း​ပြည်နယ် ဟား​ခါး​မြို့​မှာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​ဖို့​ရှိတဲ့​အတွက် အဘက်ဘက်က လိုလား​ချက်နဲ့​ အကြံပြုချက်​တွေ ပူး​ပေါင်း​ပါဝင်​စေဖို့​ အခုလိုအ​ရေး​ပေါ်ညီလာခံကို ကျင်း​ပခဲ့​တာလို့​ ပါတီ​ပြောခွင့်​ရပုဂ္ဂိုလ် ​ဒေါက်တာဆလိုင်း​အင်ဒရူး​ ငွန်ကျုံး​လျန်က ​ပြောပါတယ်။

“ကျ​နော်တို့​ ချင်း​အမျိုး​သား​ တပ်ဦး​အ​နေနဲ့​ တပ်မ​တော်အင်အား​ ​တောင့်​တင်း​ခိုင်မာလာ​ရေး​အတွက် ချင်း​ပြည်နယ်က အမျိုး​အနွယ်စုံ၊​ ​ဒေသစုံ၊​ အလွှာ​ပေါင်း​စုံ ချင်း​အမျိုး​သား​ ​တော်လှန်​ရေး​မှာ ပါဝင်နိုင်​ရေး​၊​ ​နောက်ပြီး​ အခုကျ​နော်တို့​ကို ငြိမ်း​ချမ်း​ရေး​ ပမာဏ ​ဆွေး​နွေး​မှုလုပ်ဖို့​ ပြည်​ထောင်စု အစိုး​ရက​နေ ကမ်း​လှမ်း​လာတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ အ​ရေး​ပေါ် ပထမအကြိမ် ပါတီညီလာခံကို ​ခေါ်ယူရတာဖြစ်ပါတယ်။”

ဒီလ ၁၂ ရက်​နေ့​ က​နေ ၁၆ ရက်​နေ့​ထိ အိန္ဒိယ-မြန်မာနယ်စပ်တ​နေရာမှာ ကျင်း​ပပြုလုပ်သွား​ခဲ့​တာပါ။

ဒီအ​ရေး​ပေါ်ညီလာခံမှာ ချင်း​အမျိုး​သား​တပ်ဦး​ပါတီ၊​ ချင်း​အမျိုး​သား​ တပ်မ​တော် ပြည်တွင်း​ပြည်ပအဖွဲ့​ ကိုယ်စား​လှယ်​တွေနဲ့​အတူ အကြံ​ပေး​ပုဂ္ဂိုလ်ပညာရှင်​တွေ၊​ တက္ကသိုလ်​ကျောင်း​သား​ကျောင်း​သူ​တွေ၊​ ဖိတ်ကြား​ထား​သူ ​လေ့​လာသူ​တွေ စုစု​ပေါင်း​ ၁၅၃ ဦး​ တက်​ရောက်ခဲ့​ပါတယ်။

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ကိစ္စ အား​လုံး​က သ​ဘောတူကြပြီး​ လာမယ့်​လ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲမှာ ဒီညီလာခံက အကြံပြုချက်​တွေအ​ပေါ် အ​ခြေခံပြီး​ ​တောင်း​ဆိုညှိနှိုင်း​သွား​မယ်လို့​ ဆိုပါတယ်။

လော​လောဆယ် ဗဟို​ကော်မတီ အစည်း​အ​ဝေး​ကိုလည်း​ ဆက်ကျင်း​ပ​နေတယ်လို့​ ​ဒေါက်တာဆလိုင်း​အင်ဒရူး​ ငွန်ကျုံး​လျန်က ​ပြောပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ပဏာမငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ချင်း​အမျိုး​သား​တပ်ဦး​ဘက်က လက်​ထောက် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါက်တာဆလိုင်း​ရွှေခါး​ ဦး​ဆောင်တဲ့​ ၁ဝ ဦး​ပါ အဖွဲ့​ကို ​စေလွှတ်မယ်လို့​လည်း​ သိရပါတယ်။

ညီလာခံမှာ ငြိမ်း​ချမ်း​ရေး​ကိစ္စအပြင် ချင်း​အမျိုး​သား​တပ်ဦး​ရဲ့​ ဦး​တည်ချက်​တွေဖြစ်တဲ့​ ချင်း​ဒေသကိုယ်ပိုင် ပြဋ္ဌာန်း​ခွင့်​ရ​ရေး​၊​ ဖက်ဒရယ်ပြည်​ထောင်စု တည်​ဆောက်​ရေး​၊​ ဒီမိုက​ရေစီစနစ် ထွန်း​ကား​ရေး​ စတာ​တွေအတွက် မျိုး​နွယ်စုံ၊​ ​ဒေသစုံ၊​ အလွှာစုံက ချင်း​တိုင်း​ရင်း​သား​အား​လုံး​ နည်း​မျိုး​စုံနဲ့​ ပူး​ပေါင်း​ပါဝင်​ဆောင်ရွက်ဖို့​ ဆုံး​ဖြတ်ချက်ချခဲ့​တယ်။

အလွှာ​ပေါင်း​စုံပါဝင်လာဖို့​ အဖွဲ့​ဝင် ၅၅ ဦး​ပါတဲ့​ ဗဟို​ကော်မတီဝင်ကို ဖွဲ့​စည်း​ခဲ့​ပါတယ်။ ဒါ့​အပြင် ၁၄ ဦး​ပါ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီအဖွဲ့​၊​ ၂၁ ဦး​ပါ ကြီး​ကြပ်ကွပ်ကဲ​ရေး​အဖွဲ့​တို့​နဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ရဲ့​ အဓိပတိ​ကောင်စီ (Supreme Council ) ကိုလည်း​ ဖွဲ့​စည်း​ခဲ့​ပါတယ်။

ချင်း​အမျိုး​သား​တပ်ဦး​ဟာ လွန်ခဲ့​တဲ့​ ၂၀၀၇ ခုနှစ်တုန်း​ကလည်း​ နအဖ စစ်အစိုး​ရနဲ့​ အပစ်ခတ်ရပ်ဖို့​အတွက် အိန္ဒိယမြန်မာနယ်စပ် ရိဒ်မြို့​မှာ ​တွေ့​ဆုံခဲ့​ပေမယ့်​ ​ဆွေး​နွေး​ပွဲ မ​အောင်မြင်ခဲ့​ပါဘူး​။

ဦး​သိန်း​စိန်အစိုး​ရလက်ထက်မှာ​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​မှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က ​တွေဆုံခဲ့​ရာမှာ ချင်း​အမျိုး​သား​တပ်ဦး​ကလည်း​ ပါဝင်ခဲ့​တယ်။

ချင်း​အမျိုး​သား​တပ်ဦး​ကို မြန်မာနိုင်ငံမှာ ၈ ​လေး​လုံး​ ဒီမိုက​ရေစီ အ​ရေး​အခင်း​ ဖြစ်ပွား​ခဲ့​ပြီး​တဲ့​နောက် အ​ရေး​အခင်း​မှာ ပါဝင်ခဲ့​တဲ့​ ချင်း​ပညာတတ်​ကျောင်း​သား​တွေက ဦး​ဆောင်ပြီး​ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်​နေ့​က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်​ဇောလ်မြို့​မှာ ဖွဲ့​စည်း​ခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013