နီပေါမှ လူကုန်ကူးရောင်းစားခံရတဲ့ အမျိုးသမီးငယ် နိုင်ငံတကာသူရဲကောင်းဆု ရရှိ
DVB
·
December 19, 2011
အမေရိကန်အစိုးရက ဒီကနေ့ ခေတ်သစ် ကျေးကျွန်ပြုမှုကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ လူ ၁၀ ဦးကို ယခုနှစ် အတွက် နိုင်ငံတကာ သူရဲကောင်းများအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ ဆုလက်ခံရရှိသူ အားလုံးနီးပါးဟာ ရှေ့နေတွေနဲ့ အစိုးရအရာရှိကြီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆုရရှိသူတွေထဲမှာ နီပေါနိုင်ငံသူ ‘ချာရိမာယာ တာမန်’ (Charimaya Tamang) ကတော့ အခြားကိုးဦးလို အစိုးရအရာရှိကြီး မဟုတ်ဘဲ သူကိုယ်တိုင် လူကုန်ကူးခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ တောင်အာရှဒေသရဲ့ ပြည့်တန်ဆာခန်းကနေ ယခု ဝါရှင်တန်မှာ ဆုတက်ယူနိုင်တဲ့အထိ ဖြတ်သန်းလာခဲ့ရသူတဦးပါ။ ဒီအကြောင်း သတင်းထောက် ‘ရာဂျန် ပါရာဂျူလီ’ (Rajan Parajuli)က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။