DVB Logo
Home
အနုပညာ
လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ခန့်​ရှိ
DVB
·
December 20, 2011
လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ခန့်​ရှိ
Donate to DVB

လာမယ့်​ ဒီဇင်ဘာလ ၃၁ ရက်န့​မှာ စတင်ဖွင့်​လှစ်မယ့်​ လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော် (THE ART of FREEDOM FILM FESTIVAL) မှာ ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ​လောက်အထိ ရှိ​နေပြီဖြစ်ပါတယ်။

မြန်မာ့​ရုပ်ရှင်​လောကနဲ့​ အနုပညာ​လောကသား​တွေထဲက နာမည်ကြီး​ ဒါရိုက်တာ သရုပ်​ဆောင်​တွေ အပါအဝင် ဝါသနာရှင် ၁၅၀ ​လောက်ရဲ့​ ဇာတ်ကား​တွေ ဒီ​နေ့​နောက်ဆုံး​နေ့​အထိ ဇာတ်ကား​ပေါင်း​ ၁၅၀ ​လောက် ရှိ​နေတာပါ။

ဒါနဲ့​ပတ်သက်ပြီး​ လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်ကို ဦး​ဆောင် စီစဉ်​နေတဲ့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က အခုလို ​ပြောပြပါတယ်။

“သိထား​တဲ့​သတင်း​အရ တရား​ဝင်​တော့​ မဟုတ်​သေး​ဘူး​။ အခု​လော​လောဆယ် ဇာတ်ကား​ ပြည်တွင်း​က film maker ​တွေရယ်၊​ အနုပညာနယ်ပယ် ​လောကထဲမှာ ရှိ​နေတဲ့​ ဒါရိုက်တာ​တွေရယ်၊​ ရိုက်ထား​တဲ့​ကား​ပေါင်း​ ၁၅၀ ​လောက် လက်ခံရရှိပြီး​နေပြီ။ တိတိကျကျဆိုရင် ညပိုင်း​မှပဲ အတိအကျ ​ပြောနိုင်ပါမယ်။ ​မောင်​မောင်ဦး​(စနိုး​ဝှိုက်)၊​ ဝိုင်း​၊​ ဒါရိုက်တာ ကို​ပေါက်တို့​၊​ သူတို့​က​တော့​ အ​စောဆုံး​ပဲ။ နံပါတ်တစ်ပဲ။ ​လော​လောဆယ် အဲ​လောက်ပဲ သိထား​တယ်။”

လွတ်လပ်ခြင်း​အနုပညာရုပ်ရှင်ပွဲ​တော် (THE ART of FREEDOM FILM FESTIVAL) ကို လာမယ့်​ ဒီဇင်ဘာလ ၃၁ ရက်​နေ့​မှာ ရန်ကုန်မြို့​၊​ ပြည်လမ်း​မ​ပေါ်က ​တော်ဝင်စင်တာမှာ စတင်ဖွင့်​လှစ်မှာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် ဖွင့်​လှစ်​ပေး​မှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်​နေ့​က​နေ ၃ ရက်​နေ့​အထိကို​တော့​ ပြိုင်ပွဲဝင်ဇာတ်ကား​တွေကို အခမဲ့​ ပြသမှာဖြစ်ပြီး​ ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ​တော့​ ဆု​တွေကို ချီး​မြှင့်​သွား​မှာလည်း​ ဖြစ်ပါတယ်။

ဒီအနုပညာပွဲ​တော်မှာ ဝင်​ရောက်ယှဉ်ပြိုင်ထား​တဲ့​ သရုပ်​ဆောင် ဒါရိုက်တာ ကို​ကျော်သူကလည်း​ သူ့​ရဲ့​ ပြိုင်ပွဲဝင် ဇာတ်ကား​နဲ့​ ပတ်သက်ပြီး​ အခုလို ​ပြောပြပါတယ်။

“​ခေါင်း​စဉ်က​တော့​ Freedom ပဲ၊​ အဓိက​တော့​ စစ်နဲ့​ငြိမ်း​ချမ်း​ရေး​ပဲ။ ​ရွှေတိဂုံ ဘုရား​ရှေ့​တို့​ ဘာတို့​မှာရိုက်တယ်။ စစ်သား​ အ​ယောက် ၃၀၀၊​ ၄၀၀ ​လောက်နဲ့​၊​ စစ်သား​က​တော့​ သက်ရှိစစ်သား​တွေ မဟုတ်ဘူး​။ စစ်သား​ရုပ်က​လေး​တွေနဲ့​ပဲ။”

အာဏာရှင်စနစ်နဲ့​ နှစ်​ပေါင်း​များ​စွာကြာ​အောင် အုပ်ချုပ်ခံခဲ့​ရတဲ့​ မြန်မာနိုင်ငံမှာ တင်း​ကျပ်တဲ့​ ရုပ်ရှင်ဆင်ဆာ ဖြတ်​တောက်မှု​တွေကို မြန်မာအနုပညာ​လောကသား​တွေ ခံစား​ခဲ့​ကြရပြီး​ အစိုး​ရသစ်လက်ထက်မှာ အခုလို လွတ်လပ်တဲ့​ အနုပညာပွဲ​တော်တခုအဖြစ် ကျင်း​ပနိုင်ခဲ့​တဲ့​အ​ပေါ်ကို ဦး​ဆောင် စီစဉ်​ဆောင်ရွက်​နေတဲ့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က အခုလို ​ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆိုတာက တကယ်တန်း​ပြောရင် အခု အ​ပြောင်း​အလဲ ကာလမှာ ရုပ်ရှင်ဆိုတာ အရမ်း​အ​ရေး​ကြီး​တဲ့​ အရာတခု​တော့​ မဟုတ်ပါဘူး​။ တကယ့်​ကို အ​ပြောင်း​အလဲ​တွေရဲ့​ ဟိုး​အောက်ဆုံး​အ​ခြေမှာ ရှိ​နေတဲ့​ နိုင်ငံရဲ့​ အရာ​လေး​တခုပါ။ ဒါ​ပေမယ့်​ ဒီရုပ်ရှင်က​နေ ကိုယ်တို့​ရဲ့​ နှစ်​ပေါင်း​များ​စွာ ခံစား​ကြုံ​တွေ့​နေရတဲ့​ မလွတ်လပ်မှု​တွေကို ကိုယ်တို့​ အခုရုပ်ရှင်​တွေနဲ့​ တင်ပြဖို့​ အခွင့်​အ​ရေး​လေး​ ရှိလာတယ်။ အဲဒီဟာ​လေး​တွေကို လူ​တွေက စိတ်ဝင်စား​ကြတယ်။ ရုပ်ရှင်ထုတ်လုပ်သူ​တွေကလည်း​ စိတ်ဝင်တစား​ ရှိလာကြတယ်။ ဆိုတဲ့​ဟာ​လေး​ပေါ်မှာ ​တော်​တော်​လေး​ကိုပဲ ​ကျေနပ်အား​ရပါတယ်။”

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ကို သရုပ်​ဆောင် လူရွှင်​တော် ကိုဇာဂနာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နှစ်ရှည်​ထောင်ဒဏ်က​နေ ပြန်လည်လွတ်လာပြီး​ ရက်ပိုင်း​မှာပဲ စတင်ပြီး​ ဦး​ဆောင်စီစဉ် ​ဆောင်ရွက်ခဲ့​တာဖြစ်ပါတယ်။

ဒီပွဲ​တော်မှာ အာဏာပိုင်​တွေရဲ့​ ဆင်ဆာဖြတ်​တောက်မှု​တွေ မပါတဲ့​ ရုပ်ရှင်အနုပညာ ဖန်တီး​မှု​တွေကို ပြပွဲအဖြစ်နဲ့​ရော ပြိုင်ပွဲအဖြစ်နဲ့​ပါ ကျင်း​ပဖို့​ ပြင်ဆင်ခဲ့​ကြတာဖြစ်ပါတယ်။

ဆုရရှိသူ​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်က ဇန်နဝါရီလ ၄ ရက် လွတ်လပ်​ရေး​နေ့​ ပိတ်ပွဲအခမ်း​အနား​မှာ ဆု​တွေ​ပေး​အပ် ချီး​မြှင့်​သွား​မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013