DVB Logo
Home
မြန်မာသတင်း
ကျောက်တန်း​မြို့​ ​ကျေး​ရွာများ​တွင် လယ်သမား​ပိုင်ဆိုင်မှုစာရင်း​ကောက်​နေ
DVB
·
December 20, 2011
Donate to DVB

ရန်ကုန်တိုင်း​၊​ ​ကျောက်တန်း​မြို့​နယ် ​တောင်ဘက်ပိုင်း​မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၂၀ ​လောက်မှာ သက်ဆိုင်ရာနဲ့​ ကုမ္ပဏီ​တွေက လယ်သမား​တွေရဲ့​ ပိုင်ဆိုင်မှုကို လိုက်လံစာရင်း​ ​ကောက်ယူ​နေပါတယ်။

ဘာ​ကြောင့်​ အခုလို ပိုင်ဆိုင်မှုစာရင်း​ လိုက်​ကောက်​နေတာလဲ ဆိုတာ ​ဒေသခံလယ်သမား​တွေက တိတိကျကျ သိချင်​နေကြပါတယ်။

ကျောက်တန်း​မြို့​ တဘက်ကမ်း​မှာ တည်ရှိတဲ့​ ပန်း​တော၊​ ကျွန်း​က​လေး​၊​ ခ​လောက်ဆွဲစတဲ့​ ​ကျေး​ရွာ​တွေအပါအဝင် ရွာ​ပေါင်း​ ၂၀ ​လောက်မှာ ပြီး​ခဲ့​တဲ့​နှစ်ပတ်​လောက်ကစပြီး​ မြို့​နယ်​မြေစာရင်း​၊​ အိုး​အိမ်နဲ့​ကုမ္ပဏီတချို့​က ဝန်ထမ်း​တွေ ​ရောက်လာပြီး​ လယ်သမား​တွေ ပိုင်ဆိုင်တဲ့​ ​နေအိမ်၊​ ထွန်စက် စတဲ့​ပိုင်ဆိုင်မှု​တွေ စာရင်း​လိုက်​ကောက်​နေကြတယ်လို့​ လူမှု​ရေး​ဆောင်ရွက်​ပေး​နေတဲ့​ ကျွန်း​က​လေး​ကျေး​ရွာ​နေ ဘုန်း​တော်ကြီး​ အရှင်စန္ဒဝါရက မိန့်​ပါတယ်။

“အိုး​အိမ်ပါတယ်။ ​မြေစာရင်း​ပါတယ်။ အပိုင်အုပ်ချုပ်​ရေး​မှူး​ပါတယ်။ ​ကျောက်တန်း​မြို့​နယ်အဆင့်​ပါ။ ကုမ္ပဏီကျ​တော့​ ​အေး​ရှား​ဝေါလ်ရယ်။ ထူး​ရယ်လို့​ သတင်း​ရတယ်။ တိတိကျကျ​တော့​ မသိဘူး​။ ကုမ္ပဏီကလူက အများ​စုပါတာပဲ။ မြို့​နယ်အဆင့်​ကလူက​တော့​ ဌာနတခုကို တ​ယောက်၊​ နှစ်​ယောက်​လောက်ပါတယ်။ လူ ၆၀ ​လောက် တ​နေ့​တ​နေ့​ကိုဆင်း​တယ်။ ဆင်း​ပြီး​တော့​ လယ်ကွင်း​ထဲမှာ ရှိတဲ့​အိမ်​တွေကို လိုက်ကြည့်​တယ်။ အိမ်အမျိုး​အစား​ကို မှတ်တမ်း​ယူတယ်။ တိုက်ဆိုတိုက်၊​ သစ်သား​အိမ်ဆို သစ်သား​အိမ်​ပေါ့​။ လယ်ထွန်စက်ရှိရင် လယ်ထွန်စက်၊​ နွား​ဘယ်နှ​ကောင်ရှိတယ်။ အဲဒါမျိုး​ကို ယူပြီး​တဲ့​အခါကျ​တော့​ လယ်သမား​နဲ့​ အိမ်ပိုင်ရှင်နဲ့​ပေါ့​။ အိမ်ပိုင်ရှင်ကို အိမ်နဲ့​မှတ်တမ်း​တင် ဓာတ်ပုံရိုက်တယ်။”

အ​ကြောင်း​စုံသိချင်လို့​ စာရင်း​လာ​ကောက်​နေတဲ့​သူ​တွေကို ​မေး​မြန်း​တော့​လည်း​ ပြန်လည်မ​ဖြေကြား​ဘူး​လို့​ ​ပြောပါတယ်။

အဲ့​ဒီလိုစာရင်း​လာ​ကောက်ပြီး​ သိပ်မကြာခင် ​ကျောက်တန်း​တောင်ဘက်ပိုင်း​မှာ သီလဝါအထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်မယ့်​သတင်း​ သတင်း​စာမှာ ​ဖော်ပြလာတာ ​တွေ့​ရတဲ့​အ​ကြောင်း​နဲ့​ ​ဒေသခံရွာသား​တွေရဲ့​ ဆန္ဒသ​ဘောထား​တွေကို ဆရာ​တော်က ခုလို မိန့်​ပါတယ်။

“လယ်သမား​တွေအတွက် ဘယ်လိုခံစား​ခွင့်​ ရှိမှာလဲ​ပေါ့​။ အကယ်၍​ပြောင်း​ပေး​ရမယ်ဆိုရင်၊​ တချို့​လယ်သမား​က​တော့​ လုံး​ဝ​ပြောင်း​မ​ပေး​ချင်ဘူး​။ အများ​စုက​တော့​ မိရိုး​ဖလာ ​နေလာကြတာဆို​တော့​ ကိုယ့်​လယ်က​နေ ဘယ်​လောက်ရရ ​ပြောင်း​မ​ပေး​ချင်ဘူး​။”

သီလဝါအထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ တည်​ထောင်မယ့်​အ​ကြောင်း​ သတင်း​ထုတ်ပြန်ချက်ထဲမှာ​တော့​ ​ကျေး​ရွာ​တွေကို ဖယ်ရှား​ ​ရွှေ့​ပြောင်း​စေတာမျိုး​မလုပ်ဘဲ၊​ သီး​ခြား​ကင်း​လွတ်တဲ့​ ​မြေ​နေရာ​တွေမှာသာ ​ရွေး​ချယ် ​ဆောင်ရွက်သွား​မယ်၊​ ​ဒေသခံ​တွေ လက်ရှိ​နေထိုင် လုပ်ကိုင်စား​သောက်မှု မထိခိုက်​အောင် သက်ဆိုင်ရာ ရင်း​နှီး​မြှုပ်နှံသူ​တွေက အတိုင်ပင်ခံပုဂ္ဂိုလ်​တွေနဲ့​ ညှိနှိုင်း​ ​ဆောင်ရွက်သွား​မယ်လို့​ ​ဖော်ပြထား​ပါတယ်။

ကျောက်တန်း​မြို့​ ​တောင်ဘက်ပိုင်း​ရှိ ​ကျေး​ရွာ​ပေါင်း​ ၂၀ ​လောက်မှာ လယ်ဧက ​လေး​သောင်း​လောက်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျောက်တန်း​မြို့​ ​ကျေး​ရွာများ​တွင် လယ်သမား​ပိုင်ဆိုင်မှုစာရင်း​ကောက်​နေ