မလေးရှားလေဆိပ်၌ ကင်ဂျုံအန်း၏အစ်ကို အသတ်ခံရမှု၊ မြန်မာအမျိုးသမီး ၁ ဦးကို ဖမ်းဆီး
DVB
·
February 15, 2017
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ တယ်ဆိုတဲ့ သံသယနဲ့ မြန်မာအမျိုးသမီးတဦးကို မလေးရှားရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မလေးရှားအခြေစိုက် ဘနားမားသတင်းမှာ ဖော်ပြပါတယ်။
ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူလေဆိပ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သူဟာ မကာအိုကို ထွက်ခွာမယ့် လေယာဉ်ကို စောင့်ဆိုင်း နေချိန်မှာ အမျိုးသမီး ၂ ဦးက နောက်က ဖမ်းချုပ်ပြီး အဆိပ်ခပ် ခံခဲ့ရပြီး သေဆုံးသွားခဲ့ရတာလို့ အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာပါ။
လက်ရှိ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးရဲ့ နာမည်ကိုတော့ ဖော်ပြမထားပဲ သတင်းပေးချက်တွေအရ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် ၂ အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှားရဲဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး တန်ဆရီနော် ရာရှစ်အီဘရာဟင်က အတည်ပြုပြောဆိုပါတယ်။
ကင်ဂျုံနမ်သေဆုံးမှုနဲ့ ဆက်စပ်ပြီး သံသယရှိတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီ ကမ္ဘာ့သတင်းမှာလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။