Home
မြန်မာသတင်း
မောင်တော ဝင်ထွက်စခန်း ပြန်ဖွင့်
DVB
·
February 15, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော အမှတ် (၁) ဝင်/ထွက် စခန်းကို အခုလ ၁၂ ရက်မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ အောက်တိုဘာ ၉ ရက်ကတည်းက ပိတ်ထားခဲ့တဲ့ ဒီစခန်းကို ၄လကျော်အကြာမှာ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။ မောင်တောက ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးဘရှိန်က "ဒီစခန်းဖွင့်ပေးလိုက်လို့ နှစ်နိုင်ငံကို နေ့ချင်းပြန် ပတ်စ်စပို့နဲ့ သွားပြီး တပိုင်တနိုင် ရောင်းဝယ်ဖောက်ကားသူတွေ အဆင်ပြေတယ်"လို့ ပြောပါတယ်။ “ဒေးလီး ပတ်စ်စပို့ကို ဖွင့်လိုက်တာပါ။ တပိုင်တနိုင်သမားတွေတော့ နည်းနည်း အကျိုး ရှိပါတယ်။ ရခိုင်တွေရော ပါတယ်။ ဘင်္ဂလီတွေရော ပါတယ်။ ဟိဒူလူမျိုးတွေရောပါတယ်။ အထူးသဖြင့်တော့ မိန်းမတွေ များပါတယ်။ နေ့ချင်းပြန်သွားတာလေ၊ ကုန်ခြောက်လေးတွေပေါ့။ အဲ့ဒီဘက်က မောင်တောကို ယူလာပြီး ဈေးထဲမှာ ရောင်းတယ်။ မောင်တောက အထည်အလိပ်လေးတွေ ယူသွား ပြီး ဟိုဘက်မှာ ရောင်းတယ်။ နေ့ချင်းသမားလေးတွေပေါ့။” အရင်က နေ့စဉ် ၀င်ထွက်သွားလာရောင်းဝယ်သူ ၅၀ ခန့်ရှိပြီး အခု ပြန်ဖွင့်ခါစမှာတော့ ၀င်ထွက်သွားလာသူ နည်းနေသေးတယ်လို့လည်း ပြောပါတယ်။ မောင်တောမှာ နေ့ချင်းပြန်ပတ်စ်စပို့နဲ့ သွားလာခွင့်ရှိတာ ဒီစခန်းတခုပဲ ရှိတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024