A d v e r t i s e m e n t With Us

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု – အပိုင်း​ (၇)

Geater Mekong Sub-region Economic Corridors အွေခွပွေမပုံ
မဲ​ခေါင်​ဒေသစီး​ပွား​ရေး​ဖွံ့​ဖြိုး​ရေး​စီမံကိန်း​နှင့်​ ထား​ဝယ်အထူး​စီး​ပွား​ရေဇုန် စီမံကိန်း​အလား​အလာ မြန်မာ့​နိုင်ငံ​ရေး​ တဆင့်​ချင်း​ တဖြည်း​ဖြည်း​ပြောင်း​လဲ လာ​နေတာကို ​ဒေသတွင်း​ အာဆီယံအသင်း​ဝင် နိုင်ငံ​တွေသာမက စီး​ပွား​ရေး​ အ​ရေး​ယူ ပိတ်ဆို့​မှု​တွေ ပြုလုပ်ခဲ့​ကြတဲ့​ အ​နောက်နိုင်ငံများ​ကပါ သတိပြုလာကြပြီး​ ထိုအ​ပြောင်း​အလဲနဲ့​ လိုက်​လျောညီ​ထွေ အပြုသ​ဘော တုံ့​ပြန်ခဲ့​ကြတယ်။ ပထမဆုံး​ သိသာထင်ရှား​တဲ့​ ရလဒ်က​တော့​ နိုဝင်ဘာလက အင်ဒိုနီး​ရှား​နိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ အာဆီယံ ထိပ်သီး​ညီလာခံမှာ မြန်မာကို အသင်း​ကြီး​ရဲ့​ ၂၀၁၄ ခုနှစ်အတွက် အလှည့်​ကျ ဥက္ကဋ္ဌ ရာထူး​ပေး​ဖို့​ ဆုံး​ဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ထို့​အတူ အာဆီယံရဲ့​ အဓိက​ဆွေး​နွေး​ဘက် မဟာမိတ်ဖြစ်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ကို တစိုက်မတ်မတ်ကူညီ​နေတဲ့​ အ​မေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘာမား​ကလည်း​ အစပျိုး​ ​ပြောင်း​လဲ​နေတဲ့​ မြန်မာနိုင်ငံကို ​နောက်​ကြောင်း​ပြန်မလှည့်​မယ့်​ သမိုင်း​ဝင်အ​ပြောင်း​အလဲ​တွေဆီ ဦး​တည်​စေဖို့​နဲ့​ ထိုအ​ပြောင်း​အလဲကာလကို အမိအရ ဆုပ်ကိုင်နိုင်ဖို့​အတွက် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်ကို ​နေပြည်​တော်ကို ​စေလွှတ်ခဲ့​တယ်။ နိုင်ငံ​ရေး​အ​ပြောင်း​အလဲကို သတိထား​ပြုလုပ်​နေတဲ့​ မြန်မာအစိုး​ရအ​နေနဲ့​ ကာလရှည်ကြာ ကျဆင်း​နေတဲ့​ စီး​ပွား​ရေး​ကို အချိန်တိုအတွင်း​ အလျင်အမြန်တိုး​တတ်ဖို့​ အစီအစဉ်​တွေချပြီး​ ခပ်စိပ်စိပ်ပဲ ​ဆောင်ရွက်လာတာ ​တွေ့​ရပါတယ်။ အဲ့​ဒီအစီအစဉ်​တွေထဲက အနာဂတ်မှာ ​ဒေသတွင်း​ ပထဝီစီး​ပွား​ရေး​မှာ မြန်မာ့​နိုင်ငံရဲ့​ အ​ရေး​ပါမှုကို မြှင့်​တင်ရန် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ကို အ​ကောင်အထည် ​ဖော်​နေပါတယ်။ အာဆီယံနိုင်ငံ​တွေအကြား​ တ​ပြေး​ညီ ဖွံ့​ဖြိုး​ရေး​အတွက် အခရာကျတဲ့​ မဲ​ခေါင်​ဒေသဖွံ့​ဖြိုး​ရေး​ကို ထား​ဝယ်စီမံကိန်း​က ကြီး​ကြီး​မား​မား​ အ​ထောက်အကူပြုလိမ့်​မယ်လို့​ စီမံကိန်း​မှာ အဓိကပါဝင်​နေတဲ့​ ထိုင်း​နဲ့​ မြန်မာတို့​က ယုံကြည်ကြပါတယ်။ မဲ​ခေါင်​ဒေသနိုင်ငံ​တွေဖြစ်တဲ့​ မြန်မာ၊​ လာအို၊​ က​မ္ဘောဒီး​ယား​နဲ့​ ဗီယက်နမ်နိုင်ငံတို့​ဟာ ၁၉၉၀ ပြည့်​လွန်နှစ်​တွေမှာ အာရှရဲ့​ အ​ရှေ့​ဥ​ရောပ နိုင်ငံ​တွေအလား​ နိုင်ငံ​ရေး​အ​ပြောင်း​အလဲကို အသီး​သီး​ကြုံ​တွေ့​ခဲ့​ရပြီး​ အာဆီယံရဲ့​ ​နောက်တိုး​ အသင်း​ဝင်နိုင်ငံသစ်​တွေ ဖြစ်လာကြတယ်။ CLMV လို့​ အတို​ကောက် လူသိများ​တဲ့​ က​မ္ဘောဒီး​ယား​၊​ လာအို၊​ မြန်မာ၊​ ဗီယက်နမ်နိုင်ငံ​တွေဟာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု မြန်ဆန်​နေတဲ့​ စင်ကာပူ၊​ မ​လေး​ရှား​နဲ့​ ထိုင်း​နိုင်ငံတို့​နောက် အမီလိုက်ဖို့​ ကြိုး​ပမ်း​လာကြတယ်။ CLMV နိုင်ငံ​တွေဖွံ့​ဖြိုး​ရေး​အတွက် မဲ​ခေါင်​ဒေသ ဖွံ့​ဖြိုး​ရေး​နဲ့​ စီး​ပွား​ရေး​ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ အစီအစဉ်ကိုလည်း​ အ​ကောင်အထည် ​ဖော်လာကြပါတယ်။ ကုန်း​မြေတဆက်တစပ်တည်း​ရှိတဲ့​ CLMV နိုင်ငံ​တွေအကြား​ နယ်စပ်ဖြတ်​ကျော် အာရှအ​ဝေး​ပြေး​ လမ်း​မကြီး​တွေ တည်​ဆောက်ပြီး​ ​ဒေသတွင်း​ကုန်သွယ်​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှုနဲ့​ ခရီး​သွား​လုပ်ငန်း​ဖွံ့​ဖြိုး​ရေး​ကို တိုး​မြှင့်​ဆောင်ရွက်ရန် စီမံကိန်း​တွေ ချမှတ် လုပ်​ဆောင်ခဲ့​ကြတယ်။ အာရှဖွံ့​ဖြိုး​ရေး​ဘဏ် အကူအညီနဲ့​ စီး​ပွား​ရေး​လမ်း​မကြီး​တွေ (Economic Corridors) တည်​ဆောက်လာတာ ဆယ်စုနှစ်တခု ​ကျော်လာခဲ့​ပါပြီ။ ဒီလမ်း​မကြီး​တွေထဲက အ​ရှေ့​အ​နောက်စီး​ပွား​ရေး​ လမ်း​မကြီး​ (East-West Economic Corridor)နဲ့​ ​တောင်ပိုင်း​ စီး​ပွား​ရေး​လမ်း​မကြီး​ (Southern Economic Corridor) နှစ်ခုမှာ မြန်မာနိုင်ငံဟာ မဲ​ခေါင်​ဒေသရဲ့​ အ​နောက်ဘက်ထွက်​ပေါက် (Western Gateway) ဖြစ်ပြီး​ ဗီယက်နမ်နိုင်ငံက အ​ရှေ့​ဘက်ထွက်​ပေါက် (Eastern Gateway) အဖြစ် မဟာဗျူဟာကျကျ ရှိ​နေပါတယ်။ [caption id="attachment_18978" align="alignright" width="300" caption="Geater Mekong Sub-region Economic Corridors အခြေပြမြေပုံ"][/caption] ဒါ​ပေမယ့်​ ဘယ်လိုပဲ ပထဝီအ​နေအထား​ အချက်အချာကျပါ​စေ၊​ တိုင်း​ပြည်မှာ သယံဇာတ ဘယ်​လောက်ပဲ ကြွယ်ဝ​နေပါ​စေ၊​ နိုင်ငံ​ရေး​တည်ငြိမ်မှု မရှိတဲ့​နိုင်ငံဟာ စီး​ပွား​ရေး​ မဖွံ့​ဖြိုး​နိုင်ဘူး​ဆိုတာ ဗီယက်နမ်နဲ့​ မြန်မာတို့​ရဲ့​ လွန်ခဲ့​တဲ့​ဆယ်စုနှစ် နှစ်ခုအတွင်း​ တိုး​တက်​ပြောင်း​လဲမှု​တွေက သက်​သေပါပဲ။ တချိန်က အ​ရှေ့​တောင်အာရှ​ဒေသရဲ့​ စစ်​မြေပြင်ဖြစ်ခဲ့​တဲ့​ ဗီယက်နမ်နိုင်ငံဟာ ရန်သူ အ​မေရိကန်ကို မိတ်​ဆွေအဖြစ် ​ပြောင်း​လဲနိုင်ခဲ့​ပြီး​ အခုအချိန်မှာ CLMV ထဲက စီး​ပွား​ရေး​အတိုး​တတ်ဆုံး​ နိုင်ငံအဖြစ် ​ပေါ်ထွက်လာပါတယ်။ မြန်မာနိုင်ငံလိုပဲ ဗဟိုချုပ်ကိုင်တဲ့​ ဆိုရှယ်လစ် ​ဈေး​ကွက်စီး​ပွား​ရေး​ စနစ်က​နေ လမ်း​ခွဲခဲ့​ပြီး​ ​ဈေး​ကွက်စီး​ပွား​ရေး​စနစ်ကို ၁၉၈၅ ခုနှစ်မှာ စတင် ​မြေစမ်း​ ခရမ်း​ပျိုး​ခဲ့​တယ်။ အင်ဒိုချိုင်း​နား​စစ်ပွဲ ချုပ်ငြိမ်း​ခဲ့​တာနဲ့​ နိုင်ငံတွင်း​ တိုင်း​ရင်း​သား​လူမျိုး​များ​အကြား​ စိတ်ဝမ်း​ကွဲပြား​ပြီး​ လက်နက်ကိုင်ပဋိပက္ခများ​ မရှိတဲ့​အချက်ကပင် တံခါး​ဖွင့်​လာတဲ့​ ဗီယက်နမ်​ဈေး​ကွက်ကို နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှု​တွေ အလုံး​အရင်း​ဝင်​ရောက်လာတဲ့​ အ​ခြေခံအ​ကြောင်း​ရင်း​တခု ဖြစ်ခဲ့​ပါတယ်။ ရန်သူအ​မေရိကန်ကို စီး​ပွား​ရေး​မဟာမိတ်အဖြစ် ​ပြောင်း​လဲနိုင်ခဲ့​တဲ့​ ဗီယက်နမ်​ခေါင်း​ဆောင်​တွေရဲ့​ ​ခေါင်း​ဆောင်မှု အရည်အ​သွေး​ကလည်း​ အဓိကကျပါတယ်။ မြန်မာ​ခေါင်း​ဆောင်​တွေ ဗီယက်နမ်​ခြေလှမ်း​မျိုး​ စလှမ်း​နိုင်ပါ့​မလား​။ အခုအချိန်ထိ​တော့​ နိုင်ငံမှာ အမျိုး​သား​စိတ်ဝမ်း​ကွဲပြား​မှုနဲ့​ လက်နက်ကိုင် ပဋိပက္ခ​တွေရှိ​နေဆဲဖြစ်ပြီး​ အစိုး​ရအဆက်ဆက်က ငြိမ်း​ချမ်း​ရေး​တည်​ဆောက်ဖို့​ ပျက်ကွက်​နေတုန်း​ပါပဲ။ ဘယ်လိုပဲ ကြီး​မာတဲ့​စီး​ပွား​ရေး​ ​ဈေး​ကွက်ကြီး​နှစ်ခုဖြစ်တဲ့​ တရုတ်နဲ့​ အိန္ဒိယနိုင်ငံအကြား​ ပထဝီစီး​ပွား​ရေး​ အချက်အချာ ကျကျတည်ရှိ​နေ​နေ၊​ ရှည်လျား​တဲ့​ ​တောင်ဘက်ပိုင်း​ ကမ်း​ရိုး​တန်း​က​နေ အိန္ဒိယသမုဒ္ဒရာ ထွက်​ပေါက်နဲ့​ ကမ်း​လွန်​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ကြွယ်ဝတဲ့​ ​ရေခံ​မြေခံ​ကောင်း​တွေ ရှိ​နေ​နေ မြန်မာနိုင်ငံဟာ ​ဒေသတွင်း​ အ​ပြောင်း​အလဲ​တွေကို မ​လေ့​လာ သင်ခန်း​စာ မယူဘူး​ဆိုရင် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ထင်သ​လောက် ခရီး​မတွင် ဖြစ်​နေပါလိမ့်​မယ်။ အခုလည်း​ စီမံကိန်း​ အ​ကောင်အထည်​ဖော်လာတာ တနှစ်​ကျော်လာ​ပေမယ့်​ မယ်မယ်ရရ ဘာမှမ​တွေ့​ရ​သေး​ပါဘူး​။ ဘယ်လိုဖြစ်လို့​ပါလဲ။ အ​ခြေခံအ​ကြောင်း​တရား​တချို့​ ရှိ​နေတယ်ဆိုရင် ပထမဆုံး​အလွယ်တကူ လက်ညှိုး​ထိုး​တတ်ကြတာက အ​နောက်နိုင်ငံကြီး​တွေရဲ့​ အ​ရေး​ယူ ပိတ်ဆို့​မှု​တွေပဲဖြစ်တယ်။ တကယ်​တော့​ ပြည်တွင်း​လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း​အောင် မလုပ်​ဆောင်နိုင်​သေး​တဲ့​အချက်က စွန့်​စား​မှုလုပ်ရမယ့်​ နိုင်ငံခြား​ကုမ္ပဏီ​တွေ တွန့်​ဆုတ်နိုင်တဲ့​ အဓိက အ​ကြောင်း​တရာတခုပါ။ နယ်စပ်​ဒေသမှာ လက်နက်ကိုင် ပဋိပက္ခ​တွေ ရှိ​နေသ​ရွေ့​ မဲ​ခေါင်​ဒေသ စီး​ပွား​ရေး​မဟာစင်္ကြန် လမ်း​မကြီး​မှာ မြန်မာနိုင်ငံ​လျှောက်လှမ်း​ဖို့​ ခက်​နေဦး​မှာပါ။ နောက်တချက်က ​ဈေး​ကွက်စီး​ပွား​ရေး​ကို စတင်ကျင့်​သုံး​လာခဲ့​တာ နှစ်​ပေါင်း​ ၂၀ ​ကျော်ခဲ့​ပေမယ့်​ စီး​ပွား​ရေး​တိုး​တတ်ဖို့​ အတွက် အ​ခြေခံလိုအပ်တဲ့​ ခိုင်မာ​ခေတ်မီတဲ့​ ​ငွေ​ကြေး​ဆိုင်ရာမူဝါဒနဲ့​ ​ငွေ​ကြေး​ချော​မွေ့​စွာ စီး​ဆင်း​လည်ပတ်မှုကို အာမခံနိုင်တဲ့​ ဘဏ်လုပ်ငန်း​ အ​ခြေခံအ​ဆောက်အအုံကို အခုအချိန်ထိ မတည်​ဆောင်နိုင်​သေး​တာပါပဲ။ မက်ခရိုစီး​ပွား​ရေး​ တိုး​တက်မှုအတွက် မြန်မာအစိုး​ရအ​နေနဲ့​ မကြာခင်က အထူး​စီး​ပွား​ရေး​ဇုန် ဥပ​ဒေပြဋ္ဌာန်း​ခဲ့​ပါတယ်။ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ကုမ္ပဏီကြီး​တခုဖြစ်တဲ့​ Italian-Thai Development PCL ကိုလည်း​ စီမံကိန်း​ တခုလုံး​တည်​ဆောက်ဖို့​ ​မြေငှား​ရမ်း​ခဲ့​သလို လုပ်ပိုင်ခွင့်​လည်း​ အပြည့်​အဝ ​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အခုအချိန်အထိ ထား​ဝယ်စီမံကိန်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ စိတ်ဝင်စား​ကြောင်း​ နိုင်ငံခြား​ကုမ္ပဏီကြီး​တွေကမှ ပွင့်​လင်း​မြင်သာမှုရှိရှိ ထုတ်​ဖော်​ကြေညာတာ မ​တွေ့​ရ​သေး​ပါဘူး​။ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေအတွက် အဓိက အဟန့်​အတား​ဖြစ်​နေတဲ့​ အချက်တခုက မြန်မာကျပ်​ငွေနဲ့​ နိုင်ငံခြား​ငွေလဲနှုန်း​ အမျိုး​မျိုး​ဖြစ်​နေတဲ့​ အချက်ပါပဲ။ ဒါကို ပြင်ဆင်နိုင်ဖို့​အတွက် နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေ အဖွဲ့​ကြီး​ရဲ့​ အကူအညီနဲ့​ အစိုး​ရအသစ်အ​နေနဲ့​ စတင်​ဆောင်ရွက်လာတာ ​တွေ့​ရပြီး​ ပုဂ္ဂလိက ဘဏ်​တွေကို နှစ်​ပေါင်း​ ၂၀ အတွင်း​ ပထမဆုံး​အကြိမ် နိုင်ငံခြား​ငွေ လဲလှယ်​ရောင်း​ဝယ်ခွင့်​ကို တရား​ဝင်ခွင့်​ပြုခဲ့​တယ်။ တရား​ဝင်​ငွေလဲနှုန်း​ တမျိုး​တည်း​ဖြစ်​အောင် မ​ပြောင်း​လဲနိုင်​သေး​ပေမယ့်​ အသစ်ဖွင့်​လှစ်တဲ့​ ​ငွေလဲ​ကောင်တာ​တွေမှာ ​ဈေး​ကွက်​ပေါက်​ဈေး​အတိုင်း​ ​ငွေလဲနှုန်း​သတ်မှတ်လာပါတယ်။ ဒါ​ပေမယ့်​ မိမိမှာရှိတဲ့​ နိုင်ငံခြား​ငွေကို လဲလှယ်ချင်သူ​တွေအတွက် အဲ့​ဒီ​ငွေကို ဘယ်လို ရရှိထား​ကြောင်း​ အ​ထောက်အထား​တွေ ပြ​နေရပါ​သေး​တယ်။ ဒီလိုဖြစ်​ပေါ်တိုး​တက်မှု အ​သေး​အဖွယ်​လေး​ကို ဆယ်စုနှစ်များ​အတွင်း​ ပထမဆုံး​အကြိမ် ​ငွေ​ကြေး​ဆိုင်ရာ ​ဖြေ​လျော့​မှုကြီး​တခုအဖြစ် ပြည်တွင်း​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေအကြား​ အား​ရ​ကျေနပ်​နေခဲ့​ရ​ပေမယ့်​ ​ဒေသတွင်း​နိုင်ငံ​တွေရဲ့​ ဖြစ်​ပေါ်တိုး​တက်မှုနဲ့​ နှိုင်း​ယှဉ်ကြည့်​ရင် ရယ်စရာ​တောင် ​ကောင်း​နေပါတယ်။ လွန်ခဲ့​တဲ့​ ၄ နှစ်အတွင်း​ က​မ္ဘောဒီယား​၊​ လာအိုနဲ့​ ဗီယက်နမ်နိုင်ငံ​တွေကို ​လေ့​လာ​ရေး​နဲ့​ အလည်အပတ်ခရီး​စဉ်အဖြစ် စာ​ရေး​သူ​ရောက်ခဲ့​စဉ်က အ​မေရိကန်​ဒေါ်လာအပါအဝင် နိုင်ငံခြား​ငွေ​ကြေး​မျိုး​စုံကို လမ်း​ဘေး​မှာ မည်သူမဆို အလွယ်တကူ လဲလှယ်လို့​ရပါတယ်။ လမ်း​ဘေး​ဈေး​သည်ကအစ သူတို့​နိုင်ငံကို လာလည်တဲ့​ နိုင်ငံခြား​သား​တွေကို အ​မေရိကန် ​ဒေါ်လာနဲ့​ ​ရောင်း​ဝယ်​နေကြပြီး​ နိုင်ငံခြား​ဝင်​ငွေ တိုက်ရိုက်ရရှိ ခံစား​နေကြပါပြီ။ လက်ထဲက နိုင်ငံခြား​ငွေ တကျပ် တပြား​ကို ဘယ်ကရသလဲဆိုတာ ဘယ်အစိုး​ရကမှ စစ်​ဆေး​မ​နေ​တော့​ပါဘူး​။ နိုင်ငံခြား​ငွေလဲနှုန်း​ တခုတည်း​ ထား​နိုင်ရှိ​ရေး​က တိုင်း​ပြည်ရဲ့​ မက်ခရိုစီး​ပွား​ရေး​မူဝါဒ (Macroeconomic Policy) အတွက် အ​ရေး​ကြီး​သလို ကမ္ဘာ့​ငွေ​ကြေး​ဈေး​ကွက်မှာ ​ငွေမာ (Hard Currency) အဖြစ်သတ်မှတ်ထား​တဲ့​ ​ဒေါ်လာနဲ့​ ယူရိုလို နိုင်ငံတကာ​ငွေ​ကြေး​တွေကို နိုင်ငံသား​တွေ လွတ်လွတ်လပ်လပ် လက်ဝယ် ပိုင်ဆိုင်သုံး​စွဲခွင့်​ပေး​မယ်ဆိုရင် ဒါဟာလည်း​ မြန်မာနိုင်ငံသား​တွေအတွက် အ​ရေး​ပါတဲ့​ စီး​ပွား​ရေး​လွတ်လပ်ခွင့်​ ရရှိလိုက်တာပဲ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံ​တွေထဲမှာ ​ငွေထုတ်စက် (ATM) မရှိ​သေး​တဲ့​ တခုတည်း​သောနိုင်ငံပါ။ မြန်မာနိုင်ငံကို မ​ရောက်ဖူး​လို့​ အလည်အပတ်သွား​ချင်တဲ့​ မိတ်​ဆွေထိုင်း​လူမျိုး​ တချို့​က အကြံဥာဏ်​တောင်း​လာတဲ့​အခါ ပထမဆုံး​ ​ပေး​မိတဲ့​အကြံက ​ငွေ​ကြေး​တမျိုး​မျိုး​ကို လက်ထဲမှာ အလုံအ​လောက် ကိုင်​ဆောင်သွား​ဖို့​နဲ့​ မိမိမှာပါသွား​တဲ့​ ATM ကတ်ပြား​ကို အား​မကိုး​ဖို့​ မှာမိတတ်ပါတယ်။ လာအိုနိုင်ငံလို ကုန်တွင်း​ပိတ်ဖွံ့​ဖြိုး​မှု အနည်း​ဆုံး​နိုင်ငံမှာ​တောင်မှ ATM ကတ်​တွေကို အလွယ်တကူသုံး​လို့​ရ​နေပြီ။ ထိုင်း​နိုင်ငံမှာ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ သန်း​နဲ့​ချီရှိ​နေပြီး​ သူတို့​ရဲ့​လုပ်အား​ခ​တွေနဲ့​ စု​ဆောင်း​ငွေ​တွေကို လစဉ် မြန်မာပြည်ကို ပြန်ပို့​နေတာ ထိုင်း​ဘတ်​ငွေ သိန်း​ပေါင်း​ရာနဲ့​ ချီရှိပါတယ်။ နှစ်နိုင်ငံအကြား​ ဘဏ်လုပ်ငန်း​ အဆက်အသွယ်မရှိလို့​ “ဟွန်ဒီ” လို့​ခေါ်တဲ့​ တရား​မဝင် ​ငွေလွှဲတဲ့​နေရာ​တွေက​နေ နည်း​လမ်း​အမျိုး​မျိုး​နဲ့​ လွှဲ​နေကြရပါတယ်။ ဒီလို အ​ခြေခံ​ငွေလွှဲစနစ် ဝန်​ဆောင်မှုကို အစိုး​ရတရပ်အ​နေနဲ့​ မလုပ်​ဆောင်နိုင်​သေး​သ​ရွေ့​ ထား​ဝယ်​ဒေသမှာ လာ​ရောက် အလုပ်လုပ်ကိုင်ကြမယ့်​ ထိုင်း​လူမျိုး​ အများ​ဆုံး​ပါဝင်နိုင်တဲ့​ နိုင်ငံခြား​သား​လုပ်သား​တွေ အတွက်လည်း​ အခက်အခဲ​တွေ့​ရပါလိမ့်​မယ်။ ငွေ​ကြေး​စီး​ဆင်း​မှုနဲ့​ သုံး​စွဲမှုအဆင်​ပြေ​ရေး​ဟာလည်း​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်လို ဧရာမစီး​ပွား​ရေး​ စီမံကိန်း​ကြီး​တွေနဲ့​ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​ရေး​အတွက် အသက်တမျှ အ​ရေး​ကြီး​သလို အ​ခြေခံလူတန်း​စား​ အဆင့်​အထိ ဘဏ်လုပ်ငန်း​ ဝန်​ဆောင်မှု​တွေ ​ရောက်ရှိပါမှ ​ငွေ​ကြေး​လွတ်လပ်ခွင့်​တွေ ခံစား​ခွင့်​ရရှိပါမှ တိုင်း​ပြည် စီး​ပွား​ရေး​အနာဂတ် ​ကောင်း​မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up