မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့ကို တိုကျိုတွင် ဆက်လက်ထိန်းသိမ်းမည်ဟု ချန်ပီယံသစ် ပြော

ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့ကို တိုကျိုမှာ ဆက်လက်ထိန်းသိမ်းမယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံသစ် ဒေ့ဗ်လက်ဒက် က ပြောပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံသစ် ဒေ့ဗ်လက်ဒက်အနေနဲ့ ပထမဆုံး သရဖူကာကွယ်ပွဲဖြစ်ပြီး ဂျပန်နိုင်ငံတွင် ပြုလုပ်မယ့် Lethwei Legacy-2 ပြိုင်ပွဲအတွက် တိုကျိုမြို့ က သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီကို ပြောကြားခဲ့တာပါ။ "ချန်ပီယံသစ် ဒေ့ဗ်အနေနဲ့ ဒဂုံရွှေအောင်လံဆုရှင်ဟောင်း ၀ါးရင်းတုတ်ဖိုးကေနှင့် ထိုးသတ်ရမှာဖြစ်ပြီး ၀ါးရင်းတုတ်ဖိုးကေကလည်း ကျနော်အနေနဲ့ အများကြီး ပြင်ဆင်ထားပါတယ်။ ဒီချန်ပီယံဆု ကျနော့်လက်ထဲ မနက်ဖြန် ရောက်လာမှာပါ"လို့လည်း ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ "အရင်က ကျနော်တို့နိုင်ငံက ကမ္ဘာရွာအပြင်ဘက်ရောက်နေပြီး အခုကမ္ဘာရွာအတွင်းပြန်ရောက်လာပြီး ဖြစ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်ကရှိခဲ့တဲ့ မြန်မာရိုးရာကို ဂျပန်ကနေတဆင့် နိုင်ငံတကာကို ထိုးဖောက်ပြသချင်လို့ ဂျပန်နဲ့ ပူးပေါင်းပွဲကျင်းပတာပါ"လို့ မြန်မာမီဒီယာဂရုမှ ဦးဝဏ္ဏက ပြောကြားခဲ့ပါတယ်။။ Lethwei Legacy-2 ကို ဂျပန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်များအတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး အခြားပွဲစဉ်များအဖြစ် ဖျံသွေး(မြန်မာ) နှင့် ယာဆူယူကီ ယာမာဇာကီ (ဂျပန်)၊ ရှမ်းက(မြန်မာ) နှင့် ခိုင်ဇူကီ အိုကူဒါ(ဂျပန်)၊ သားအသည်းတစ်ပွင့်(မြန်မာ) နှင့် ယူကီယာမာမိုတို (ဂျပန်) ၊ရာဇာ(မြန်မာ) နှင့် ကိုမူအာ (ဂျပန်) တို့ ထိုးသတ်ကြမှာဖြစ်ပါတယ်။ အမျိုးသမီး အထူးပွဲအဖြစ်လည်း ရွှေစင်မင်း(မြန်မာ)နှင့်မိုမိုကို (ဂျပန်)တို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး ဂျပန်ဘက်မှ ပွဲစီစဉ်သူများက ပုဂံဘုရားများပြုပြင်နိုင်ဖို့ အလှူငွေ ယန်း ၁ သန်း ပေးအပ်လှူဒါန်းမှာဖြစ်ပြီး မြန်မာသံအမတ်ကြီးမှ တက်ရောက်လက်ခံရယူမယ်လို့လည်း သိရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up