တိုက်စစ်မှူး အဂူရို မန်စီးတီးတွင် ဆက်ရှိရန် မသေချာဟု နည်းပြ ဂွါဒီယိုလာ ပြော

ဓာတ်ပုံ - ရိုက်တာ
မန်စီးတီးနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဆာဂျီယို အဂူရိုရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိနေမလားဆိုတာ မသေချာဘူးလို့ ပြောလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီးရဲ့ နောက်ဆုံးကစားထားတဲ့ ၂ ပွဲမှာ အချိန်ပြည့်ကစားခွင့်မရဘဲ အရန်ထိုင်ခုံပေါ်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။ မန်စီးတီးနည်းပြက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျီးဆပ်ကိုပဲ ဦးစားပေးအဖြစ် အသုံးပြုခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုဟာ ဒီနှစ်ရာသီမှာ မန်စီးတီးအတွက် ၁၈ ဂိုး သွင်းယူပေးထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ နည်းပြကတော့ အဂူရိုကို အသင်းမှာ ဆက်နေစေချင်ပေမယ့်လည်း ရာသီအကုန် ဘာဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up