ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ ကိုယ်လုံးတီးအဖော်အချွတ် အမျိုးသမီးမော်ဒယ်ပုံများ ပြန်လာပြီ

အမျိုးသမီးမော်ဒယ်တွေရဲ့ ကိုယ်လုံးတီး အဖော်အချွတ်ပုံတွေကို ဖော်ပြလေ့ရှိတဲ့ နာမည်ကျော် ပလေးဘွိုင်းမဂ္ဂဇင်းဟာ ဒီပုံတွေအသုံးပြုတာကို ဖယ်ရှားတော့မယ်လို့ ကြေညာခဲ့ပြီး တနှစ်အကြာမှာတော့ အဖော်အချွတ် မော်ဒယ်ပုံတွေနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းစာဖတ်ပရိသတ်တွေနဲ့ ကြော်ငြာရှင်တွေကို ပိုမိုဆွဲဆောင်နိုင်စေဖို့ ဒီပုံတွေ အသုံးပြုတာကို ဖယ်ရှားပစ်မှာဖြစ်တယ်လို့ မနှစ်က ဆုံးဖြတ်ခဲ့ပေမယ့် ခုတော့ နဂိုအတိုင်း ပြန်လည်ထွက်ရှိခဲ့တာပါ။ လာမယ့် မတ်လထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ မော်ဒယ်လ် အယ်လစ်ဇ်ဘက်သ် အယ်လမ်ရဲ့ အပေါ်ပိုင်း ဗလာကျင်းဓာတ်ပုံကို ဖော်ပြထားခဲ့ကာ “ဝစ်လစ်စလစ်အနေအထားနဲ့ ဖြစ်တည်မှုဟာ သာမန်အခြေအနေတရပ်ပါ” လို့ ခေါင်းစီးတပ် ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာတော့ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်အဖြစ် မဂ္ဂဇင်းတည်ထောင်သူ ဟူးဂ်ျဟက်ဖ်နာရဲ့ သားဖြစ်သူ ကူးပါးဟက်ဖ်နာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက တာဝန်ယူထားခဲ့တာပါ။ ပလေးဘွိုင်းမဂ္ဂဇင်းကို ၁၉၅၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မဂ္ဂဇင်းပေါ်က ကိုယ်လုံးတီး အဖော်အချွတ်ပုံတွေ ဖော်ပြတာကို ဖယ်ရှားဖို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြချိန် ၂၀၁၆ ခုနှစ်၊ မတ်လမှစတင်ကာ မဖော်ပြဘဲ ရပ်ထားခဲ့တာပါ။ မဂ္ဂဇင်းရဲ့ စံချိန်တင်ထုတ်ဝေမှုဟာ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလမှာဖြစ်ပြီး စောင်ရေ ၇ ဒသမ ၂ သန်းရှိခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွေမှာတော့ တဖြည်းဖြည်းကျဆင်းလာခဲ့ရာက ပြီးခဲ့တဲ့နှစ်ကတော့  ပျမ်းမျှစောင်ရေ ၇ သိန်းသာ ရှိနေခဲ့တယ်လို့ သူက ဆိုပါတယ်။ ကူးပါးဟက်ဖ်နာက “ကိုယ်လုံးတီးအဖော်အချွတ်ပုံတွေဟာ ဘယ်တော့မှ ပြဿ နာတခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ပြဿနာမှမဟုတ်ပဲဗျာ။ အခုကာလက ကျနော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား တံဆိပ်လက္ခဏာကို ပြန်ပြီးရယူဖို့နဲ့ ကျနော်တို့ ဘယ်သူပါဆိုတာ ပြသရမယ့် အချိန်ပဲ” လို့ ပြောပါတယ်။ ပလေးဘွိုင်းမဂ္ဂဇင်းမှာ ကိုယ်လုံးတီး အဖော်အချွတ်မော်ဒယ်အဖြစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ/မတ်လမှာ နောက်ဆုံးဖော်ပြခံခဲ့ရတာကတော့ ပမ်မလာအန်ဒါဆင်ပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up