A d v e r t i s e m e n t With Us

လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးကို အဓိကထားပြီး ရွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးချယ်လိုက်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပါတီထူထောင်သူ ၂၁ ဦးရဲ့ အစည်းအဝေးကနေ ခုလို​ ​ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က​ ​ပြောပါတယ်။ ပါတီမှတ်ပုံတင်ဖို့အတွက် ပါတီခေါင်းဆောင်နဲ့​ ဒု-ခေါင်းဆောင်တို့ ရွေးချယ်ဖို့​ လိုအပ်တဲ့အတွက် အစည်းအဝေး​ ​ခေါ်ပြီး ခုလို​ ရွေးချယ်လိုက်တာဖြစ်ပြီး လာမယ့်ရက်​ အနည်းငယ်အတွင်း နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ​ ​ကော်မရှင်ရုံးမှာ သွားရောက်​ မှတ်ပုံတင်မယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။ “ဒီခေါင်းဆောင် ၂ ယောက်က မကြာခင်မှာပဲ နေပြည်တော်ကို သွားပြီးတော့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ပြန်လည်မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ ကော်မရှင်နဲ့ တွေ့ပြီး ပါတီရဲ့ နာမည်က ဘယ်လိုမှည့်ခေါ်မယ်။ အလံတော်က ဘာဖြစ်မယ်။ တံဆိပ်က ဘယ်လိုသတ်မှတ်တယ်။ ရည်မှန်းချက်က ဘာတွေ၊ ဖွဲ့စည်းပုံက ဘယ်လိုဖွဲ့စည်းမယ်။ ပါတီနဲ့ပတ်သက်တဲ့ မူဝါဒတွေက ဘာဖြစ်တယ်​ ဆိုတာတွေကို ကျနော်တို့ အဆင်သင့် ပြုစုပြီးပါပြီ။ အဲဒါတွေကို တင်ပြပြီးတော့ သူတို့မှတ်ပုံတင်မှာ ဖြစ်ပါတယ်။” ခုချိန်ထိတော့​​ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်​​ ကိုယ်စားလှယ်စာရင်းတွေ မထုတ်ပြန်သေးပေမယ့် လွှတ်တော်ကိုယ်စားလှယ်ကို အချက် ၅ ချက်ပါ အရည်အချင်းနဲ့ ရွေးချယ်မှာလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ ခေတ်ပညာတတ်သူ၊ လုပ်ငန်းကျွမ်းကျင်သူ၊ အမျိုးသမီး၊ အန်အယ်ဒီပါတီကို နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့သူ၊ လူငယ်ဖြစ်ပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ အများက ကြည်ညို​ လေးစားတဲ့​သူတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့​​ အမျိုးသမီးတွေ​ အများစု ပါဝင်ဖို့ လိုလား​တယ်လို့ သိရပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာတော့ အမျိုးသမီးဦးရေ ၁၆ ဦး​ ရှိနေတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။ ပါတီရဲ့မူဝါဒနဲ့ ဖွဲ့စည်းပုံကိုလည်း ပါတီမှတ်ပုံတင်ပြီးမှ ထုတ်ဖော်​ ကြေညာမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up