DVB Logo
Home
မြန်မာသတင်း
ဘိုက​လေး​တွင် ​ရေလုပ်ငန်း​က တမံပိတ်သဖြင့်​ လယ်ဧကနှစ်​ထောင် ​ရေမြုပ်ပြီး​ စပါး​ပျက်စီး
DVB
·
December 19, 2011
ဘိုက​လေး​တွင် ​ရေလုပ်ငန်း​က တမံပိတ်သဖြင့်​ လယ်ဧကနှစ်​ထောင် ​ရေမြုပ်ပြီး​ စပါး​ပျက်စီး
1 / 3
Donate to DVB

ဧရာဝတီတိုင်း​၊​ ဘိုက​လေး​မြို့​နယ်၊​ ​ချောင်း​ဝကြီး​ကျေး​ရွာအုပ်စု၊​ သဲ​ချောင်း​ကျေး​ရွာမှာ လယ်ဧက နှစ်​ထောင်​လောက် ​ရေမြုပ်ပြီး​ စပါး​အပျက်အစီး​ များ​ခဲ့​ပါတယ်။

ဒီလယ်​တွေနဲ့​ ဆက်စပ်တည်ရှိ​နေတဲ့​ ဝဲ​ချောင်း​တမံ တမံတုပ်ထား​တာကို ​ရေလုပ်ငန်း​ လုပ်တဲ့​သူက ပြန်ပိတ် မ​ပေး​တဲ့​အတွက် လယ်ထဲ​ရေဝင်ပြီး​ စပါး​တွေ ပျက်စီး​ရပုံကို ကိုယ်တိုင်သွား​ရောက် ​လေ့​လာခဲ့​တဲ့​ ဘိုက​လေး​ နယ်သား​၊​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ ပါတီဥက္ကဋ္ဌ ကို​နေမျိုး​ဝေက အခုလို ​ပြောပါတယ်။

“​ရေလုပ်ငန်း​ရှင်က လိုင်စင်ရတာက ​ဇော်ကြီး​ ​နောက် ပြန်ချ​ပေး​တာ ​ဒေါ်အုန်း​မြိုင်။ သူက ဝဲ​ချောင်း​ရွာက တမံကို မိုး​တွင်း​မှာ သူကချိုး​လိုက်တယ်။ ပုစွန်ကျ​အောင်​ပေါ့​ဗျာ။ လယ်ကွင်း​ထဲက ဆင်း​လာတဲ့​ရေ​တွေက​နေ သူ့​ပိုက်ချပ်​တွေထဲကို ပုစွန်ကျ​အောင် ချိုး​လိုက်တယ်။ ​နွေဘက် စပါး​ရိတ်တဲ့​အချိန်ကျရင် ​အောက်​ရေမတတ်​အောင် တမံပိတ်ရတယ်။ ပိတ်တဲ့​အချိန်​ရောက်ရင် သူက အချိန်မီ ကာလမီ ပြန်ပိတ်မ​ပေး​ဘူး​။ သူပြန်ပိတ်မ​ပေး​တော့​ လယ်သမား​တွေက ​ရေမြုပ်တာ​ပေါ့​။ စပါး​တွေ နွံကပ်တာတို့​။ လုံး​ဝရိတ်မရတာတို့​။ ရိတ်ရင်လည်း​ နွံကပ်သွား​တော့​ စပါး​တွေက အရည်အ​သွေး​မမီ​တော့​ ​ဈေး​ကောင်း​မရ​တော့​ဘူး​ပေါ့​။ အဲ့​နယ်​မြေ​တွေက ​ပေါ်ဆန်း​စိုက်တဲ့​မြေ​တွေ​ပေါ့​။”

ရေလုပ်ငန်း​ လုပ်တဲ့​သူ​တွေကို ငါး​လုပ်ငန်း​ဦး​စီး​ဌာနက လိုင်စင်ချထား​ပေး​ပြီး​ လုပ်ကိုင်​နေကြတာပါ။ လိုင်စင်ရတဲ့​ ​ရေလုပ်ငန်း​လုပ်သူ​တွေက သူတို့​လိုင်စင်ရထား​တဲ့​ ​ချောင်း​တွေကိုပိတ်ပြီး​ ငါး​ရှာကြတာ ဖြစ်ပါတယ်။

ငါး​ဦး​စီး​က ထုတ်ပြန်ထား​တဲ့​ ​ရေချိုငါး​လုပ်ငန်း​ ဥပ​ဒေမှာ ငါး​လုပ်ငန်း​ဦး​စီး​ရဲ့​ ခွင့်​ပြုချက်မရဘဲ ဆည်တမံ ပိတ်ဆို့​တား​ဆီး​တာ မလုပ်ရဘူး​လို့​ ​ဖော်ပြထား​ပေမယ့်​ ​ရေလုပ်ငန်း​လုပ်တဲ့​ သူ​တွေက မလိုက်နာဘဲ လုပ်​ဆောင်​နေကြတာပါ။

ဒီပြဿနာ​ဖြေရှင်း​နိုင်မယ့်​ နည်း​လမ်း​ကို ကို​နေမျိုး​ဝေက ခုလို​ပြောပါတယ်။

“ဘယ်လိုရှင်း​မှ ရမလဲဆို​တော့​ ​ချောင်း​တွေကို ​လေလံပစ်တဲ့​ စနစ်ကို ​ဖျောက်ပစ်ရမယ်။ ​ရေလုပ်ငန်း​မှာ ငါး​ဖမ်း​ဆီး​တဲ့​ ကိရိယာ တန်ဆာပလာကိုပဲ လိုင်စင်ချ​ပေး​ရမယ်။ ​ချောင်း​စီမံခန့်​ခွဲမှုကို မ​ပေး​ရဘူး​။ ကိရိယာက ကျား​ပိုက် အနံဘယ်​လောက်။ ဘယ်နှဖုံ​ပေါ့​။ အဲ့​ဒါနဲ့​ ဖမ်း​ဆီး​ခွင့်​က ဘယ်​လောက်​ပေါ့​။ အဲ့​ပိုက် ကိရိယာကိုပဲ ​ပေး​ရမှာ။ အဲ့​လိုမ​ပေး​ဘဲနဲ့​ ​ရေ​ကြော​တွေကို ​ပေး​လိုက်​တော့​ သူတို့​က ​ရေနဲ့​ထိစပ်တဲ့​နေရာမှာ မြို့​စား​ နယ်စား​တွေလို ဖြစ်ကုန်ပြီး​ လူပါး​ဝတာ​ပေါ့​။”

ရေချိုလုပ်ငန်း​ဥပ​ဒေကို ပြင်ဖို့​လို​နေပြီလို့​လည်း​ သူက ​ပြောပါတယ်။

အခုလိုမျိုး​ ​ရေလုပ်ငန်း​ လုပ်ကိုင်သူ​တွေရဲ့​ ဥပ​ဒေမဲ့​ ​ဆောင်ရွက် လုပ်ကိုင်​နေတာ လွန်ခဲ့​တဲ့​ မဆလ ပါတီ​ခေတ်ကတည်း​က ဖြစ်ပြီး​ ​ရေလုပ်ငန်း​ရှင်​တွေရဲ့​ ဥစ္စာဓနပိုင်ဆိုင်မှု၊​ ဩဇာအာဏာ ကြီး​မား​မှု အရှိန်အဝါ​တွေ​ကြောင့်​ ​ဒေသခံ လယ်သမား​တွေ ငုံ့​ခံ​နေခဲ့​ကြပြီး​ အခု​တော့​ သက်ဆိုင်ရာ ပြည်​ထောင်စု လယ်ယာစိုက်ပျိုး​ရေး​ ဝန်ကြီး​ထံ စု​ပေါင်း​ တိုင်တန်း​ဖို့​ ပြင်ဆင်​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013