Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်တောင်ကမ်းပါးယံပြိုကျ ၊ လူ ၉ ဦး သေဆုံး
နန်းမြနဒီ
·
February 13, 2017
16708390_246836122428009_4482946956775379295_n
  ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့ညက ကျောက်တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွါးပြီး လူ ၉ ဦးသေဆုံး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီလောက်က ဆိပ်မူအုပ်စု နတ်မော်ကျေးရွာ ရတနာစန်း ရွှင်လုပ်ကွက်ထဲမှာ  ရေမဆေးကျောက်ရှာနေကြစဉ် ကားလမ်းအပေါ်က ကမ်းပါးယံပြိုကျလာခဲ့တာလို့ သေဆုံးဒဏ်ရာရသူတွေကို တူးဖော်ပြီး ဆေးရုံပို့ပေးခဲ့တဲ့ သင်္ခါနာရေးကူညီမှုအသင်း နာယက ဦးရွှေဆန်းတောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကားလမ်းအပေါ်က ကမ်းပါးယံပြိုကျတာလေ၊ ကားလမ်းကို ကျော်ပြီးတော့မှ အောက်က လူတွေကို သွားထိတာပေါ့ ။ သူတို့က ညမှာ ရေမဆေးကျောက်ရှာနေကြတာ၊ အဲဒီညက အားလုံးပေါင်း ၇ ယောက် ဆေးရုံကိုပို့တယ်၊ တစ်ယောက်ဘဲရှင်တယ်။ ၆ ယောက်သေတယ် ။ နောက် တနေ့ ၁၀ ရက်နေ့မှာကျတော့ ၃ ယောက်ထပ်တွေ့တယ်၊  စုစုပေါင်း ၉ ဦး သေဆုံးတယ်ပေါ့   ”   သေဆုံးဒဏ်ရာရသူတွေဟာ  လူငယ်လူရွယ်အများစုဖြစ်ပြီး အနယ်နယ်အရပ်ရပ်ကနေ ကျောက်လာ တူးနေ တဲ့သူတွေလို့ ဆိုပါတယ်။ ဒီတခေါက် မြေပြိုမှုဟာ ယခင်ကလို စွန့်ပစ်မြေစာပုံပြိုကျတာမဟုတ်ဘဲ   ကြီးမားတဲ့တောင်ပေါ်ကနေ ပြိုကျလာတာကြောင်း ၊  ပြိုကျရတဲ့အကြောင်းကို မသိရဘဲ သဘာဝအရ သူ့ဖာသာကျလာတာလို့ ယူဆ ရ တယ်လို့  ဦးရွှေဆန်းတောင်က ပြောသွားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024