Homeမြန်မာသတင်း
'ငြိမ်းချမ်းရေးနှင့် လူသတ်ဝါကျဆန့်ကျင်ရေး' ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
'ငြိမ်းချမ်းရေးနှင့် လူသတ်ဝါကျဆန့်ကျင်ရေး' ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
DVB
·
February 13, 2017
နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးနှင့် လူသတ်ဝါကျဆန့်ကျင်ရေးခေါင်းစဉ်နဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေပွဲမှာ ကချင်အမျိုးသားကွန်ရက် က ဒေါက်တာအန်ကွန်လ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ဦးချစ်ဆောင်ဦး၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများ အဖွဲ့က ဦးကြီးမြင့်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးက ကိုကျော်ကိုကို နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုကောင်းထက်ကျော်တို့ကနေ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်၊
လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းများစွာလည်း တက်ရောက်ခဲ့ကြပါတယ်၊